• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ခုနှစ် ကုန်သွယ်မှု ဆွေးနွေးပွဲတွင် တရုတ် ထိပ်တန်းသိပ္ပံနည်းပညာများကို အာရုံစိုက်ကြ

(GMT+08:00) 2017-06-14 11:21:38

Food 3D Printer

        ၂၀၁၇ခုနှစ် တောင်အာရှ၊ အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲ၊ ရင်းနှီးမြှုပ်နှံရေးနှင့် ကုန်သွယ်ရေး ဆွေးနွေးပွဲကို ယခုလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ တရုတ်ပြည် ကူမင်းမြို့၌ ကျင်းပခဲ့ရာ နိုင်ငံနှင့်ဒေသ ၈၆ ခုမှ လုပ်ငန်းကုမ္ပဏီ ၄၀၀၀ ကျော်တို့သည် ယင်းဆွေးနွေးပွဲသို့ တက်ရောက်ကြကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

 ယခုအကြိမ် ဆွေးနွေးပွဲ၏ ဆောင်ပုဒ်သည် "အခွင့်အလမ်းသစ်ကို ဖန်တီးပြီး ဖွံ့ဖြိုးမှုသစ်ကို ရှာကြံကြခြင်း" ဖြစ်သည်။ ဆွေးနွေးပွဲတွင် တရုတ် ထိပ်တန်းသိပ္ပံနည်းပညာဆိုင်ရာ လုပ်ငန်းကုမ္ပဏီများ၏ ပြခန်းရှေ့တွင် လာကြည့်ကြသူများ ကြိတ်ကြိတ်တိုးလျက်ဖြစ်ပြီး အာရုံစိုက်မှု ခံကြရသည်ဟု သတင်းအရ သိရပါသည်။

   Webradio