• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပန်းစိုက်ခြင်းဖြင့် ချမ်းသာလာသော ရွာကလေး

(GMT+08:00) 2017-06-14 10:15:55
တရုတ်ပြည် ချင်းဟိုင်ပြည်နယ် ပျမ်မာကိုရွာသည် ပန်းစိုက်ပျိုးခြင်းဖြင့် ဆင်းရဲမှု ပပျောက်နိုင်သော နာမည်ကြီး ပန်းရွာ ဖြစ်သည်။ ပျမ်မာကိုရွာသည် ပင်လယ် မျက်နှာပြင်ထက် ၂၈၀၀ မီတာ မြင့်သည့် တောင်တန်း၌ တည်ရှိပြီး တိဗက်လူမျိုးနှင့် ဟန်လူမျိုး ရောနှော နေထိုင် နေကြသည်။ အရင်တုန်းက ဂျုံနှင့် ပဲကိုသာ စိုက်ပျိုးပြီး မိသားစုတိုင်း ဝင်ငွေ နည်းသည်။ ၂၀၁၅ ခုနှစ်က ရွာအစိုးရသည် ငွေရင်းထုတ်ပေးကာ တောင်ခါးပန်း၌ ပန်းရောင်စုံ စိုက်ပြီး ခရီးသွားလုပ်ငန်းကို စတင် လုပ်ဆောင်သည်။ လွန်ခဲ့သည့်နှစ် တစ်နှစ်အတွင်း ပျမ်မာကိုရွာ၏ ခရီးသွား ဝင်ငွေမှာ ယွမ် ၄ သန်းကျော် ရှိသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။
   Webradio