• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါကစ္စတန်၌ ပြန်ပေးဆွဲခံ တရုတ်နိုင်ငံသားများအကြောင်း လူခမ်း ပြောဆို

(GMT+08:00) 2017-06-14 08:45:46

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူခမ်းက၊ ပါကစ္စတန် နိုင်ငံ၌ ပြန်ပေးဆွဲခံ တရုတ်နိုင်ငံသား နှစ်ဦး သတ်ဖြတ် ခံရနိုင်ဖွယ်ရွာသတင်းကို တရုတ်နိုင်ငံက လွန်စွာ အလေးထားကြောင်း၊ လက်ရှိအချိန်တွင် ပါကစ္စတန်နိုင်ငံသည် အထက်ပါ သတင်းကို နောက်ဆုံး အတည်ပြုခြင်း မရှိသေးကြောင်း၊ တရုတ်နိုင်ငံသည် သက်ဆိုင်ရာ အခြေအနေကို အစွမ်းကုန် စိစစ်နိုင်ရန် ပါကစ္စတန်နှင့် ဆက်လက် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ယခုလ ၁၃ ရက်နေ့က သတင်းထောက်၏ မေးမြန်းချက်ကို ပြန်လည် ဖြေကြား ရာတွင် ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

လူခမ်းက၊ တရုတ်နိုင်ငံသည် အကြမ်းဖက်မှုနှင့် အရပ်သူအရပ်သားများကို ရည်စူးသော အစွန်းရောက် အကြမ်းဖက် ဆောင်ရွက်မှု မှန်သမျှကို ပြတ်ပြတ်သားသား ကန့်ကွက်ပြီး ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ပြောကြားပါသည်။

   Webradio