• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပဉ္စမအကြိမ်မြောက် တရုတ်-တောင်အာရှ၊ အရှေ့တောင်အာရှ တတ်သိပညာရှင်များ အဖွဲ့များ ဖိုရမ် ဖွင့်လှစ်

(GMT+08:00) 2017-06-13 16:52:11

ပဉ္စမအကြိမ်မြောက် တရုတ်-တောင်အာရှ၊ အရှေ့တောင်အာရှ တတ်သိပညာရှင်များ အဖွဲ့များ ဖိုရမ်ကို ဇွန်လ ၁၂ရက်နေ့ နှင့် ၁၃ရက်နေ့များတွင် တရုတ်နိုင်ငံ ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

ယခုအကြိမ်ဖိုရမ်တွင် ဘင်္ဂလားဒေ့ရှ်၊တရုတ်၊အိန္ဒိယ၊မြန်မာ စီးပွားရေး စင်္ကြန် တည်ဆောက်ရေး၊ တရုတ်-IndoChinaကျွန်းဆွယ် စီးပွားရေး စင်္ကြန် တည်ဆောက်ရေး၊ နိုင်ငံတကာ ဒေသငယ် ပူးပေါင်းဆောင်ရွက်ရေးဖြစ်သော လန်ချောင်း-မဲခေါင်မြစ် ပူးပေါင်း ဆောင်ရွက်ရေး၊ လူမှုရေး ကူးလူးဖလှယ်မှုနှင့် ခရီးသွားလာရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံတကာ ထုတ်လုပ်နိုင်စွမ်း ပူးပေါင်းဆောင်ရွက်ရေး နှင့် ယူနန်ပြည်နယ်နှင့် အနီးတဝိုက် နိုင်ငံများအကြား နိုင်ငံဖြတ်ကျော် အမျိုးသား၊ စီးပွားရေး၊ လူမှုရေး နှင့် ယဉ်ကျေးမှုဆိုင်ရာ ကူးလူးဖလှယ်မှု စသောကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း၊ သိရပါသည်။

   Webradio