• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

Majestic Princess ဇိမ်ခံသင်္ဘောက သီရိလင်္ကာမှ ထွက်ခွာ

(GMT+08:00) 2017-06-13 16:51:55

မေလ ၂၁ရက်နေ့က အီတလီနိုင်ငံ ရောမမှ စတင်ခရီးထွက်ခဲ့သော Majestic Princess ဇိမ်ခံသင်္ဘောသည် ဇွန်လ ၁၂ရက်နေ့က သီရိလင်္ကာနိုင်ငံ ကိုလံဘိုဆိပ်ကမ်းသို့ ရောက်ရှိခဲ့ကြောင်း၊ ရိုးရိုးသာမန် ဇိမ်ခံသင်္ဘောနှင့် မတူဘဲ ယင်းဇိမ်ခံသင်္ဘော သည် ပိုးလမ်းမကြီးတလျှောက်အတိုင်း နိုင်ငံနှင့်ဒေသ ၄၈ခုမှ ခရီးသည် ၇၀၀၀ကျော်အား တရုတ်နိုင်ငံအကြောင်းကို ရှင်းပြမည်ဖြစ်ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

ဒေသစံတော်ချိန် ၁၂ရက်နေ့ ညနေ ၆နာရီခွဲက သီရိလင်္ကာနိုင်ငံတွင် တစ်ရက် ရပ်နားခဲ့သည့် Majestic Princess ဇိမ်ခံသင်္ဘောသည် ထပ်မံခရီးထွက်ခဲ့ကြောင်း၊ သိရပါသည်။

   Webradio