• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျေချီသည် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံ

(GMT+08:00) 2017-06-13 15:52:42

တရုတ်နိုင်ငံတော်ကောင်စီဝင်ယန်ကျေချီသည် ယခုလ၁၂ရက်နေ့က ပီကင်းမြို့၌ အလည်အပတ်ရောက်ရှိနေသောစင်ကာပူနိုင်ငံခြားရေးဝန်ကြီး  Vivian Balakrishnanနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင်ကောင်စီဝင်ယန်ကျေချီက တရုတ်ဘက်သည် တရုတ်-စင်ကာပူဆက်ဆံမှုကို အလေးထားကြောင်း၊ နှစ်နိုင်ငံတို့သည် နီးကပ်စွာ ကူးလူးဖလှယ်ပြီး နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို တွန်းအားပေးသင့်ကြောင်း၊ မိမိတို့၏ အားသာချက်များကို ပြုသပြီး နှစ်နိုင်ငံစီးပွားကုန်သွယ်ရေးမှုပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ တိုးချဲ့ဆောင်ရွက်ပြီး အရေးကြီးသောပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ကောင်းမွန်စွာ ဆောင်ရွက်ကာ Belt and Roadတည်ဆောက်ရေးလုပ်ငန်းကို အတူတကွတွန်းအားပေး၍ တရုတ်-စင်ကာပူဆက်ဆံမှုကို ခေတ်နှင့်တပြေးညီ ဖွံ့ဖြိုးတိုးတက်ရန် အားသစ်လောင်းပေးသင့်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio