• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ ပထမဆုံး ယူရေနီယမ်အပျစ်ဘဏ် စတင်ဖွင့်လှစ်မည်

(GMT+08:00) 2017-06-13 15:40:28

၂၀၁၇ခုနှစ် ဒုတိယ အကြိမ်မြောက် နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ ကောင်စီ အစည်းအဝေးကို ယခုလ ၁၂ရက်နေ့က သြစတီးယား နိုင်ငံ ဗီယင်နာမြို့တော်တွင် ဖွင့်လှစ်ခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေးတွင် ဆွေးနွေးသည့် ခေါင်းစဉ်များ၌ ကမ္ဘာ့ နျူကလီးယား လုံခြုံရေး အခြေအနေ၊ နျူကလီးယား နည်းပညာ အသုံးပြုရေး၊ အီရန်၊ မြောက်ကိုးရီးယားနှင့် ဆီးရီးယားနိုင်ငံများ၏ နျူကလီးယား ပြဿနာများစသည်တို့ ပါဝင်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ ဒါရိုက်တာချုပ် Yukiya Amanoက ကမ္ဘာပေါ်က ပထမဆုံး ယူရေနီယမ် အပျစ်ဘဏ် လုပ်ငန်း၏ သိုလှောင်ရေး အဆောက်အအုံကို မူလ အစီအစဉ်အတိုင်း ယခုနှစ် သြဂုတ်လ ၂၉ရက်နေ့တွင် တည်ဆောက်ပြီးစီး၍ စတင် အသုံးပြုမည် ဖြစ်ကြောင်း ၁၂ရက်နေ့က ပြောကြားသည်။

၎င်းက ယူရေနီယမ်အပျစ်ဘဏ်စနစ်သည် နျူကလီးယား လျှပ်စစ်ဓါတ်အား အသုံးပြု နေသော နိုင်ငံများတွင် မတော်တဆမှု ဖြစ်ပွားသည့် အခြေအနေမျိုး၌ ယူရေနီယမ် အပျစ်များ ရရှိပြီး နျူကလီးယား လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရန် အာမခံပေးမည် ဖြစ်ကြောင်း၊ နိုင်ငံတကာ အနုမြူစွမ်းအင် အေဂျင်စီ နောက်တစ်ဆင့် ဆောင်ရွက်မည့် လုပ်ငန်းမှာ ယူရေနီယမ်အပျစ် ဝယ်ယူရေး စီမံကိန်းကို ချမှတ်ရန် ဖြစ်ကြောင်း၊ ဝယ်ယူ ရရှိမည့် ယူရေနီယမ်အပျစ်များကို ၂၀၁၈ခုနှစ်တွင် ကာဇက်စတန်နိုင်ငံရှိ သိုလှောင်ရေး အဆောက်အအုံသို့ သယ်ဆောင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားသည်။

   Webradio