• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် အာကာသ သိပ္ပံနည်းပညာသည် ပြည်သူများ၏ နေထိုင်မှုကို ပြောင်းလဲ

(GMT+08:00) 2017-06-13 15:39:58

လွန်ခဲ့သည့် ၅နှစ်အတွင်း တရုတ် အာကာသ လုပ်ငန်းတွင် ရှင်ကျိုးအမှတ်၁၁၊ ထျန်ကျိုးအမှတ်၁၊ ပေတိုဂြိုဟ်တုနှင့် ချန်ကျင်းသယ်ယူပို့ဆောင်ရေးဒုံးပျံများ အောင်မြင်စွာ လွှတ်တင်ခြင်း အပါအဝင် အောင်မြင်မှုများ ရရှိပြီး အာကာသ စူးစမ်းလေ့လာရေးနှင့် အသုံးပြုရေးတွင် အခန်းကဏ္ဍသစ် ဖွင့်ထားကြောင်း၊ တရုတ် အာကာသ လုပ်ငန်းသည် တိုးတက်မှုများ အဆက်မပြတ် ရရှိသည့်အပြင်၊ ပြည်သူများ၏ နေထိုင်မှုဘဝကို ပြောင်းလဲနေကြောင်းလည်း စီအာအိုင်က ရေးသားဖော်ပြသည်။

လွန်ခဲ့သည့် ၅နှစ် အတွင်း တရုတ် အာကာသလုပ်ငန်းသည် အလတ်စား၊ အကြီးစား သယ်ယူပို့ဆောင်ရေးဒုံးပျံ နည်းပညာများ သုတေသနပြုရေးတွင် တိုးတက်အောင်မြင်မှု ရရှိခဲ့ ကြောင်း၊ ထို့အပြင်၊ "ပေတို" လမ်းကြောင်းပြခြင်း စနစ်သည် အာရှနှင့် ပစိဖိတ် ဒေသတွင် အသုံးပြုနိုင်ကြောင်း၊ လူပါအာကာသ လုပ်ငန်း၏ အာကာသ စမ်းသပ်ခန်း အဆင့်ကာလ လုပ်ငန်းကို အောင်မြင်စွာ ဆောင်ရွက်ပြီးစီးကြောင်း၊ ၄င်းအာကာသ နည်းပညာများကို အရပ်ဘက်မှ ကျယ်ပြန့်စွာ အသုံးပြုခြင်းသည် သာမန်ပြည်သူများ၏ နေထိုင်မှု ဘဝကို လည်း များစွာ ပြောင်းလဲနေကြောင်း ရေးသားဖော်ပြသည်။

တရုတ် နိုင်ငံတော် ကာကွယ်ရေး သိပ္ပံနည်းပညာနှင့် စက်မှု လုပ်ငန်းဌာန အင်ဂျင်နီယာချုပ် ထျန်ယွိလုံက တရုတ် ဂြိုဟ်တု နည်းပညာသည် သာမန်ပြည်သူများ အတွက် ဝန်ဆောင်မှု ပေးနေကြောင်း၊ "ဖုန်ယွင်"ဂြိုဟ်တုများသည် မိုးလေဝသ ကြိုတင် ခန့်မှန်းခြင်း လုပ်ငန်းကို ဆောင်ရွက်သလို "ပေးတို" ဂြိုဟ်တု လမ်းကြောင်းပြ စနစ်သည် တိကျမှန်ကန်သော လမ်းကြောင်းပြခြင်းနှင့် သုံးစွဲနေသည့်နေရာများသိခြင်း ဝန်ဆောင်မှု များပေးနေကြောင်း၊ ထင်ရှားပြတ်သားသော ဓါတ်ပုံ ရိုက်ကူးနိုင်သော အဝေးထိန်း ဂြိုဟ်တုများသည် ဘေးဒဏ် ကြိုတင်ကာကွယ်ရေးနှင့် လျှော့ပေါ့ရေး၊ ပတ်ဝန်းကျင် ကြီးကြပ်စစ်ဆေးခြင်း၊ မြို့ပြနှင့် ကျေးလက်ဒေသ တည်ဆောက်ရေးဆိုင်ရာ စီမံကိန်း ချမှတ်ရေးနှင့် သဘာဝ သယံဇာတ စူးစမ်းရှာဖွေရေးစသည့် နယ်ပယ်များတွင် အဓိကထား အသုံးပြုခြင်း ဖြစ်ကြောင်း၊ ယခုနှစ် အထိ တရုတ်ပြည်၏ နှစ်စဉ် ဂြိုဟ်တု အသုံးပြုမှု ပမာဏမှာ တရုတ် ယွမ်ငွေ ဘီလီယံ ၂၀၀ကျော် ရှိကြောင်း ပြောကြားသည်။

   Webradio