• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ​တောင်​အာရှနှင့်​အ​ရှေ့​တောင်​အာရှနိုင်​ငံများ ကုန်​စည်​ပြပွဲ နှင့်​ ရင်းနှီးမြုပ်​နှံ​ရေးနှင့် ကုန်​သွယ်​​ရေး​စေ့စပ်​​ဆွေး​နွေးပွဲကျင်းပ

(GMT+08:00) 2017-06-13 12:14:12

၂၀၁၇ တောင်အာရှနှင့်အရှေ့တောင်အာရှနိုင်ငံများ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြုပ်နှံရေး နှင့် ကုန်သွယ်​​ရေးစေ့စပ်​​ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား​​ကို ယခုလ ၁၂ ရက်​​နေ့ နံနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပခဲ့​​ကြောင်း တရုတ်နိုင်ငံ ကုန်သွယ်​​ရေး ၀န်ကြီးလက်​​ထောက် Mr.Li Chengang၊ တရုတ်​-အာဆီယံ စင်တာအတွင်ရေးမှူးချုပ် Mrs.Yang Xiuping၊ တရုတ်ကွန်မြူနစ်ပါတီ ယူနန် ပြည်နယ်​​ ကော်မတီ အတွင်ရေးမှူး၊ ယူနန်ပြည်နယ် ပြည်သူ့ကွန်ဂရက်အမြဲတမ်ကော်မတီ ဥက္ကဌ Mr. Chen hao တို့ တက်​​ရောက်မိန့်ခွန်ပြောကြားခဲ့ပါတယ်

လာအိုနိုင်ငံ ဒုသမ္မတဟောင်း Mr. SomSavat Lengsavad၊ မြန်မာနိုင်ငံ စီးပွားရေးနဲ့ကူးသန်ရောင်းဝယ်​​ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ကမ္ဘောဒီးယားနိုင်ငံကုန်သွယ်​​ရေး ၀န်ကြီးဌာနမှ နိုင်ငံရေးကိစ္စ အတွင်ရေးမှူး၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုဝန်ကြီး Mr. Khamlien နှင့် သက်ဆိုင်ရာ အရာရှိများ တက်​​ရောက်ခဲ့ကြကြောင်း၊ ကူမင်းမြို့ဆိုင်ရာ မြန်မာ ကောင်စစ်ဝန်ချုပ်ဦးစိုးပိုင်၊ ကူမင်းမြို့ဆိုင်ရာ ဗီယက်နမ်​​ ကောင်စစ်ဝန်ချုပ် Mr.Nguyen၊ ကူမင်းမြို့ဆိုင်ရာ ထိုင်းနိုင်ငံ ကောင်စစ်ဝန်ချုပ် Mr.Pornpop စသည်တို့လည်း ယင်းအခမ်းအနားသို့ တက်​​ရောက်ခဲ့ကြပြီး နိုင်ငံ ၈၆ နိုင်ငံမှကုန်သည်များနှင့် စီးပွားရေး လုပ်ငန်းရှင်များလည်း အခမ်းအနားသို့ တက်​​ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်

ယခုအကြိမ်ကုန်စည်ပြပွဲကို ဇွန်လ ၁၂ ရက်​​နေ့မှ ၁၈ ရက်​​နေ့အထိ ကျင်းပမည်ဖြစ်ပြီး ကုန်စည်ပြပွဲ၏ဆောင်ပုဒ်မှာ "အခွင့်အလမ်ကောင်း အတူဖန်တီး ဖွံ့ဖြိုးတိုးတက်မှု အတူ ဖော်ဆောင်" ဖြစ်​​ကြောင်း၊ အရှေ့တောင်အာရှနှင်တောင်အာရှနိုင်ငံများ ကုန်စည်ပြသမှု နှင့် တရုတ်နိုင်ငံနှင့်အရှေ့တောင်အာရှနိုင်ငံများ ရင်းနှီးမြုပ်နှံရေး စေ့စပ်​​ဆွေးနွေးပွဲမှတဆင့် နိုင်ငံနှင်ဒေသအသီးသီး၏ ပေါ်လစီဆက်ဆံရေး၊ အဆောက်အအုံဆေက်လုပ်​​ရေး၊ ကုန်သွယ်​​ရေး စီးပွားရေး လူမှုရေး ဆက်ဆံမှု နက်ရှိုင်စေရန်၊ Belt and Road တလျှောက်နိုင်ငံများရှိဒေသများနှင့် အတူဆွေးနွေး၊ အတူတည်​​ဆောက်၊ အတူမျှဝေရန် တွန်းအားပေး လိုကြောင်း သိရပါသည်

   Webradio