• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများမှ နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ် ဖွင့်လှစ်

(GMT+08:00) 2017-06-12 14:54:22

BRICS နိုင်ငံများမှ နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများ ဖိုရမ်သည် ယခုလ ၁၁ရက်နေ့က တရုတ်ပြည် ဖူကျန့်ပြည်နယ် ဖူကျိုးမြို့တွင် ဖွင့်လှစ်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် BRICSနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စနစ် တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် ကျင်းပသည့် ပထမဆုံး အကြိမ် နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များ အဖွဲ့နှင့် အရပ်ဖက် အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲ ဖြစ်ပြီး BRICS နိုင်ငံများမှ ထိပ်သီး ခေါင်းဆောင်များ၏ ရှမင်မြို့ တွေ့ဆုံဆွေးနွေးပွဲ အတွက် ပြင်ဆင်ပေးကြောင်း သိရသည်။

ဖိုရမ်သို့ တက်ရောက်သူများက နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များအဖွဲ့နှင့် အရပ်ဘက် အဖွဲ့အစည်းများသည် BRICS ပူးပေါင်းဆောင်ရွက်ရေးတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြောင်း၊ BRICS နိုင်ငံများသည် ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး အားဖြည့်ပြုလုပ်ပြီး စိန်ခေါ်မှုများကို တွန်းအားပေးမှု အဖြစ် သဘောထားကာ ဂလိုဘယ်လိုင်ဇေးရှင်း ဖွံ့ဖြိုးတိုးတက်ရေး၏ မှန်ကန်သော ဦးတည်ချက်ကို ထိန်းသိမ်းထား၍ ဂလိုဘယ် စီမံခန့်ခွဲရေး စနစ်ကို ပိုမိုတရားနည်းလမ်း ကျအောင် ထိန်းညှိရန် တွန်းအားပေးသင့်ကြောင်း ယူဆကြသည်။

၎င်းဖိုရမ်သို့ တက်ရောက်သော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ အမြဲတမ်းအဖွဲ့ဝင်၊ တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အတွင်းရေးမှူးရုံး အတွင်းရေးမှူး လျူယွင်ဆန်းက BRICSနိုင်ငံများသည် ဘုံဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ကို အကောင်အထည်ဖော်ရေး အတွက် ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးပြီး အပြန်အလှန် သက်ညှာထောက်ထားမှု ထားရှိကာ လက်တွဲ ကြိုးပမ်းဆောင်ရွက်ကြကြောင်း၊ BRICS ပူးပေါင်းဆောင်ရွက်ရေး စနစ်သည် ဂလိုဘယ် စီမံခန့်ခွဲရေး စနစ်တွင် အရေးကြီး အစိတ်အပိုင်း ဖြစ်လာကြောင်း ပြောကြားသည်။

   Webradio