• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်နိုင်ငံ စွမ်းအင်ချွေတာရေး အားဖြည့်နေ

(GMT+08:00) 2017-06-12 10:08:52

၂၀၁၇ ခုနှစ် တရုတ်ပြည် တစ်ပြည်လုံး စွမ်းအင် ချွေတာရေး အသိပညာရေး သီတင်းပတ်နှင့် ကာဗွန်ဓါတ်ငွေ့ထုတ်လွှတ်မှု လျှော့ချရေးနေ့ အခမ်းအနားကို ယခုလ ၁၁ ရက်နေ့က ပီကင်း၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် တရုတ် နိုင်ငံတော် ဖွံ့ဖြိုးရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုဥက္ကဋ္ဌ ကျမ်းယုံက၊ လက်ရှိအချိန်တွင် တရုတ်ပြည် စီးပွါးရေးသည် စွမ်းအင်အားကိုးရနှုန်းသည် ထင်ရှားစွာ ကျဆင်းလာပြီ ဖြစ်ကြောင်း၊ နောင်တွင် ပတ်ဝန်းကျင် ထိန်းသိမ်းသော ကုန်ထုတ်လုပ်မှု အသွင်ပုံစံနှင့် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု နည်းပါးသော စားသုံးမှု အသွင်ပုံစံကို အားဖြည့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

မစ္စတာ ကျမ်းယုံက၊ ၂၀၀၅ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ တရုတ်ပြည် ဂျီဒီပီ တစ်ယူနစ်လျှင် စွမ်းအင် အသုံးပြုမှု ပမာဏမှာ ၃၇့ ၃ ရာခိုင်နှုန်း လျှော့နည်း လာကြောင်း၊ ကျောက်မီးသွေး တန်ချိန် သန်း ၁၈၀၀ ကို ချွေတာခဲ့ပြီး ယင်းသည် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု တန်ချိန် သန်း ၄၀၀ လျော့နည်းသည်နှင့် တူညီကြောင်း၊ တရုတ်နိုင်ငံသည် ယင်းအချိန်ကာလအတွင်း တစ်ကမ္ဘာလုံးတွင် စွမ်းအင်ချွေတာရေးနယ်ပယ်၌ အကျိုးပြု စွမ်းဆောင်မှု အများဆုံးသောနိုင်ငံ ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးရေး စီမံကိန်းတွင်၊ ၂၀၂၀ ပြည့်နှစ် ရောက်သည့်အခါ တစ်ပြည်လုံး ဂျီဒီပီ တစ်ယူနစ်လျှင် စွမ်းအင် အသုံးပြုမှုပမာဏကို ၂၀၁၅ ခုနှစ်ကထက် ၁၅ ရာခိုင်နှုန်း လျောနည်းစေရန်နှင့် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှုပမာဏာကို ၁၇ ရာခိုင်နှုန်း လျော့နည်းစေရန် တင်ပြထားကြောင်း သိရပါသည်။

   Webradio