• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သံအဆက်အသွယ်ပြတ် နိုင်ငံများမှ နိုင်ငံသားများ၏ အကျိုးစီးပွါး ထိခိုက်မည် မဟုတ်ဟု ကာတာ ဆို

(GMT+08:00) 2017-06-12 10:03:00

ကာတာနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာနက၊ ကာတာနိုင်ငံရှိ ကာတာနှင့် သံအဆက်အသွယ် ဖြတ်တောက်သည့်နိုင်ငံများမှ နိုင်ငံသားများ၏ အကျိုးစီးပွါးကို ထိခိုက်မည် မဟုတ်ဟု ယခုလ ၁၁ ရက်နေ့က ပြောကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ကာတာပြည်ထဲရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြေညာချက်တွင်၊ ကာတာသည် ကာတာနှင့် သံအဆက်အသွယ် ဖြတ်တောက်သည့် နိုင်ငံများနှင့် သံတမန် အဆင့် လျှော့ချမည် မဟုတ်ကြောင်း ဖေါ်ပြထားသည်။

ဆော်ဒီအရေးဗျနှင့် အာရပ်စော်ဘွားများနိုင်ငံ စသည့်နိုင်ငံများသည် ၄င်းတို့၏ နိုင်ငံသားများက ကာတာမှ ထွက်ခွါရန် တောင်းဆိုခဲ့ပြီး၊ တစ်ချိန်တည်းတွင် ၄င်းတို့၏ ပြည်တွင်းရှိ ကာတာ နိုင်ငံသားများ သံအဆက်အသွယ် ပြတ်တောက်သည့်နေ့မှ စ၍ ၁၄ ရက်အတွင်း ပြည်တွင်းမှ ထွက်ခွါရန်လည်း အမိန့်ချခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio