• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICSနိုင်ငံများမှ နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များအဖွဲ့နှင့် အရပ်ဖက် အဖွဲ့အစည်းများ ဖိုရမ် ကျင်းပ

(GMT+08:00) 2017-06-11 16:59:09

BRICSနိုင်ငံများမှ နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များအဖွဲ့နှင့် အရပ်ဖက် အဖွဲ့ အစည်းများ ဖိုရမ်ကို ယခုလ ၁၀ရက်နေ့က တရုတ်ပြည် ဖူကျန့်ပြည်နယ် ဖူကျိုးမြို့တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ယင်းသည် BRICSနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စနစ် တည်ထောင်ခဲ့သည့် နောက်ပိုင်းတွင် ကျင်းပသည့် ပထမဆုံး အကြိမ် နိုင်ငံရေးပါတီ၊ တတ်သိပညာရှင်များ အဖွဲ့နှင့် အရပ်ဖက် အဖွဲ့အစည်းများ နှီးနှောဖလှယ်ပွဲ ဖြစ်ကြောင်း သိရသည်။

တက်ရောက်သူများက လက်ရှိအချိန်တွင် ကမ္ဘာ့ စီးပွားရေးနှင့် နိုင်ငံရေး အခြေအနေသည် မရေမရာဖြစ်မှုများစွာ ရှိကြောင်း၊ RICSနိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး စနစ် အနေနှင့် ဦးဆောင်မှု အခန်းကဏ္ဍ ဖော်ထုတ်ပြီး ဂလိုဘယ် စီမံခန့်ခွဲရေး ပုံစံ ဆန်းသစ်တီထွင်မှု အတွက် အကျိုးပြုစွမ်းဆောင်ရန် လိုကြောင်း ယူဆကြသည်။

 

   Webradio