• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

စွမ်းအင်သစ် အပေါ် အာစတာနာ ကမ္ဘာ့ ကုန်စည်ပြပွဲ အာရုံစိုက်

(GMT+08:00) 2017-06-11 16:58:53

၂၀၁၇ အာစတာနာ ကမ္ဘာ့ ကုန်စည်ပြပွဲသည် ယခုလ ၁၀ရက်နေ့က တရားဝင် ဖွင့်လှစ်ခဲ့ကြောင်း၊ ၁၁၅နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၂၂ခုတို့သည် ယခုအကြိမ် ပြပွဲတွင် ပါဝင်ကြကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

 ယခုအကြိမ် ကုန်စည်ပြပွဲ၏ ဆောင်ပုဒ်မှာ "အနာဂတ် စွမ်းအင်"ဟူ၍ ဖြစ်ကြောင်း၊ ပါဝင်တက်ရောက်သူများသည် စွမ်းအင်သစ် ဖော်ထုတ် အသုံးပြုရေး အပေါ် အာရုံစိုက်ပြီး အထိရောက်ဆုံး၊ အသင့်လျော်ဆုံးနှင့် လက်တွေ့လုပ်နိုင်ချေ အများဆုံးသော ဆက်တိုက် ဖွံ့ဖြိုးတိုးတက်မှု လုပ်ဆောင်ရေး စီမံကိန်းကို ချမှတ်ရန် တိုက်တွန်းအားပေးကြောင်း သိရသည်။

   Webradio