• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ကာဇက်စတန် ခရီးစဉ်သည် The Belt and Road တည်ဆောက်ရေး အတွက် တွန်းအားတိုးပေးဟု ဝမ်ယိဆို

(GMT+08:00) 2017-06-11 16:58:18

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ကာဇက်စတန် ခရီးစဉ်နှင့် ပတ်သက်၍ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ပြောကြားရာတွင် ယခုအကြိမ် ခရီးစဉ်သည် ငြိမ်းချမ်းစွာ ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းမှုနှင့် သက်ညှာထောက်ထားမှုထားရှိရေး၊ အပြန်အလှန် နည်းယူလေ့လာရေး၊ အပြန်အလှန် အကျိုးရှိစေရေး ဖြစ်သည့် ပိုလမ်းမကြီး စိတ်ဓါတ်ကို စွဲကိုင်ပြီး The Belt and Road တည်ဆောက်ရေး အတွက် တွန်းအားတိုးပေးကာ အနီးဝန်းကျင် ကံကြမ္မာ အသိုက်အဝန်း၏ ဆက်ဆံရေးကို ခိုင်မာစေ၍ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် စည်ပင်သာယာရေး အတွက် ကောင်းမွန်သော အခြေအနေကို ဖန်တီး ပေးကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရသည်။

   Webradio