• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်၏ ကာဇက်စတန် ခရီးစဉ်နှင့် ပတ်သက်၍ ဝမ်ယိ ပြောကြား

(GMT+08:00) 2017-06-11 16:58:01

ယခုလ ၇ရက်နေ့မှ ၁၀ရက်နေ့အထိ တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကာဇက်စတန် နိုင်ငံတွင် တရားဝင် ခရီးလှည့်လည်ပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင် နိုင်ငံများမှ ထိပ်သီးခေါင်းဆောင်များ ကောင်စီ ၁၇ကြိမ်မြောက် အစည်းအဝေးနှင့် အာစတာနာ ကမ္ဘာ့ ကုန်စည်ပြပွဲ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရာက်ခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းခရီးစဉ် အပြီး တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ယခုအကြိမ် ခရီးစဉ်တွင် အောင်မြင်မှုများ ရရှိကြောင်း၊ ၄င်းအောင်မြင်မှုများတွင် တရုတ်-ကာဇက်စတန် ဆက်ဆံမှု အဆင့်သစ်သို့ ရောက်ရှိရန် တွန်းအားပေးခြင်း၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ဖွံ့ဖြိုးတိုးတက်မှုသစ် ရရှိရန် ဦးဆောင်ခြင်းနှင့် The Belt and Road တည်ဆောက်ရေး အခန်းကဏ္ဍသစ်ကို ဖွင့်လှစ်ခြင်း စသည်တို့ ပါဝင်ကြောင်း ပြောကြားသည်။

   Webradio