• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်နှင့်ပူတင်တွေ့ဆုံ ဆွေးနွေးပ

(GMT+08:00) 2017-06-09 14:31:56

ယခုလ၈ရက်နေ့က တရုတ်နိုင်ငံတော်ဥက္ကဋ္ဌရှီကျင့်ဖိန်သည်  အာစတာနာမြို့၌ ရုရှားသမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု ဆင်ဟွာသတင်းအရသိရပါသည်။

ဥက္ကဋ္ဌရှီကျင့်ဖိန်က မကြာမီက Belt and Road နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အတောအတွင်း မိမိသမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးပြီး တရုတ်-ရုရှားဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံမတိုးတက်ရေး နှစ်နိုင်ငံဘက်စုံပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး သဘောတူညီမှုကို ရရှိခဲ့ကြောင်း၊ လက်ရှိရှုပ်ထွေးပွေလီသောနိုင်ငံတကာအခြေအနေတွင် တရုတ်-ရုရှားဆက်ဆံမှု ကောင်းမွန်စွာ တိုးတက်ခြင်းသည် တရုတ်-ရုရှားနှစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအတွက်ရော၊ ကမ္ဘာ့ခြိမ်းချမ်းရေးအတွက်ပါ အလွန်အရေးကြီးပါကြောင်း၊ တရုတ်-ရုရှားနှစ်နိုင်ငံသည် နှစ်ဦးနှစ်ဘက်၏ အမြုတေကျအကျိုးဆိုင်ရာ အပြန်အလှန် အားပေးထောက်ခံ၍ Belt and Roadတည်ဆောက်ရေးလုပ်ငန်းနှင့် ဥရောပ-အာရှစီးပွားရေးမဟာမိတ်ကိစ္စ တွန်းအားကာ လူမှုရေးကူးလူးဖလှယ်မှုနှင့် ပြည်သူ့ဆန္ဒဆက်နွှယ်မှုကို နက်ရှိုင်းစွာဆောင်ရွကရမည်ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် ဒေသတွင်းရေးရာ၌ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် နှစ်ဦးနှစ်ဖက်တို့သည် အာဖဂန်နှင့် ကိုးရီးယားကျွန်းဆွယ်အခြေအနေ အပါအဝင်အတူတကွအာရုံစိုက်နေသော နိုင်ငံတကာနှင့် ဒေသတွင်ရေးရာနှင့် ပတ်သက်၍အမြင်ချင်းဖလှယ်ခဲ့ကြကြောင်း ဆင်ဟွာသတင်းအရသိရပါသည်။

   Webradio