• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ဓါးစာခံ သတ်ဖြတ်ခံရမှုနှင့် ပတ်သက်ပြီး ဟွာချွန်ယဉ် ပြောဆို

(GMT+08:00) 2017-06-09 10:35:26

ယခုလ ၉ ရက်နေ့က တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ်သည် ပါကစ္စတန်နိုင်ငံ၌ ပြန်ပေးဆွဲခံရသော တရုတ် ဓါးစာခံ နှစ်ဦး သတ်ပြတ် ခံရမှုနှင့် ပတ်သက်ပြီး သတင်းထောက်၏ မေးမြန်းချက်ကို ဖြေကြားခဲ့သည်။

ဟွာချွန်ယဉ်က၊ မိမိတို့သည် ယင်းကိစ္စကို လွန်စွာ အာရုံစိုက်နေကြောင်း၊ မိမိတို့သည် ယင်း ဓါးစာခံ နှစ်ဦးကို ကယ်ဆယ်နိုင်ရန် တလျှောက်လုံး ကြိုးပမ်းနေခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် အသွင်မျိုးစုံသော အရပ်သူအရပ်သားကို ပြန်ပေးဆွဲသည့် လုပ်ရပ်နှင့် အကြမ်းဖက်မှု မှန်သမျှကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု ဆင်ဟွာ သတင်းအရ သိရပါသည်။

   Webradio