• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

BRICS နိုင်ငံများ မီဒီယာ အဆင့်မြင့်ဖိုရမ် ကျင်းပ

(GMT+08:00) 2017-06-09 10:29:52

BRICS နိုင်ငံများ မီဒီယာ အဆင့်မြင့်ဖိုရမ်ကို ယခုလ ၈ ရက်နေ့က ပီကင်း၌ ကျင်းပ ခဲ့ကြောင်း၊ BRICS နိုင်ငံ ငါးနိုင်ငံမှ မီဒီယာ ခေါင်းဆောင်တို့သည် BRICS နိုင်ငံများ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းအောင် ဆောင်ရွက်ပြီး နိုင်ငံတကာ သတင်းထုတ်လွှင့်မှု တရားမျှတရေးကို တွန်းအားပေးခြင်း ဟူသော ဆောင်ပုဒ်နှင့် ပတ်သက်ပြီး ဆွေးနွေးကြကာ BRICS နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေး ဒုတိယ ခုမြောက် ၁၀ နှစ်တာ ရွှေကာလကို ထူထောင်ရန်ကိုလည်း စီမံခဲ့ကြကြောင်း သတင်းရရှိပါသည်။

ယခုအကြိမ် ဖိုရမ်တွင် BRICS နိုင်ငံများ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး လုပ်ငန်းစဉ် စီမံကိန်းကိုလည်း ထုတ်ပြန်ခဲ့သည်။ စီမံကိန်းတွင်၊ နိုင်ငံတကာ သတင်း ထုတ်လွှင့်မှု ညီမျှရေးကို လက်တွဲ ထိန်းသိမ်းရမည် ဖြစ်ကြောင်း၊ မီဒီယာများသည် လူမှုရေး အပေါ် ပိုမို တာဝန်ကျေပွန်အောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ပြည်သူလူထု စိတ်ဆန္ဒ ဆက်နွှယ်မှုကို တွန်းအားပေးရမည် ဖြစ်ကြောင်း၊ မီဒီယာ ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်ကို တိုးချဲ့ရမည် ဖြစ်ကြောင်း၊ BRICS နိုင်ငံများ ဒစ်ဂျက်တယ် မီဒီယာ ထူထောင်ရမည် ဖြစ်ကြောင်း၊ ငွေကြေးနယ်ပယ်မှ သတင်းအချက်အလက် ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း တင်ပြထားပါသည်။

စီအာအိုင် အသံလွှင့်ဌာန ခေါင်းဆောင် ဝမ်ကင်ဥာဏ်က မိန့်ခွန်း ပြောကြားရာတွင်၊ BRICS နိုင်ငံများ အနေနှင့် ကိုယ့်နိုင်ငံ၏ ယဉ်ကျေးမှု အခြေခံပေါ် မူတည်ပြီး BRICS နိုင်ငံများ၏ ယဉ်ကျေးမှု ဆိုင်ရာ သတင်းထုတ်လွှင့်မှုစွမ်းအားကို တိုးမြှင့်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio