• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အာရှ မီဒီယာ ထိပ်သီး အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-06-08 14:19:46

ယခုလ ၇ရက်နေ့က တရုတ်ပြည် ချင်းတောင်မြို့တွင် ကျင်းပသော "၂၀၁၇ အာရှ မီဒီယာ ထိပ်သီး အစည်းအဝေး"၌ တက်ရောက်သူများသည် အရည်အသွေးကောင်းမွန် သည့် အစီအစဉ် မဟာဗျူဟာ အပေါ် အာရုံစိုက်ပြီး ၄င်းခေါင်းစဉ်နှင့် ပတ်သက်၍ နက်ရှိုင်းစွာ ဆွေးနွေးကြကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၎င်းအစည်းအဝေးသို့ တက်ရောက်သော စီအာအိုင် ဒုအယ်ဒီတာချုပ် မစ္စက် လီဖိန်က အရည်အသွေးကောင်းမွန်သော အစီအစဉ်သည် လူ့ဘောင်အဖွဲ့အစည်း၏ အခြေခံ တန်းဖိုအမြင်နှင့် တောင်းဆိုချက်များကို မူတည်ပြီး လူအများစု၏ အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားကာ ထုတ်လွှင့်သူနှင့် သောတရှင်များ အကြား သဘောတူညီမှု ရရှိရန် လိုအပ်ကြောင်း၊ သဘောတူညီမှု များလေလေ၊ ထုတ်လွှင့်မှု အကျိုးဖြစ်ထွန်းမှု များလေလေ ဖြစ်ကြောင်း ပြောကြားသည်။

ထို့အပြင်၊ လီဖိန်က မီဒီယာများသည် အရည်အသွေး ကောင်းမွန်သော အစီအစဉ် များ၏ ရည်ရွယ်ချက်ကို တိုးမြှင့်ရန် ကြိုးပမ်းဆောင်ရွက်ဖို့ လိုကြောင်း၊ မတူခြားနားသည့် နိုင်ငံ၏ ဝိသေသ ထူးခြားချက်နှင့် အညီ ထုတ်လွှင့်ရေး အစီအစဉ်ကို ချမှတ်ရန် လိုကြောင်း၊ အင်တာနက်တွင် comment အပါအဝင် သောတရှင်များ၏ တုံ့ပြန်ချက်နှင့် အညီ အစီအစဉ်၏ အချက်အလက်ကို ထိန်းညှိရန် လိုအပ်ကြောင်းလည်း ပြောကြားသည်။

Netflix အာရှနှင့် ပစိဖိတ်ဒေသ ဒါရိုက်တာချုပ် Yu-Chuang Kuekက မိန့်ခွန်းပြောကြားရာတွင် အမိဘာသာစကားဖြင့် ထုတ်လွှင့်မှုသည် လူအများစု အတွက် ဘာသာစကားဆိုင်ရာ အတားအဆီးများကို ကျော်လွှားရန် အကူအညီပေးခဲ့ကြောင်း၊ ထို့ကြောင့် အမိဘာသာစကားဖြင့် ထုတ်လွှင့်မှုကို မီဒီယာ ကုမ္ပဏီ အားလုံးသည် အလွန် လုပ်ကိုင်ဆောင်ရွက်လိုသည်ဟု ယူဆကြောင်း ပြောကြားသည်။

ရုရှား နိုင်ငံ Sputnik သတင်းဌာနမှ အင်္ဂလိပ်ဘာသာ ဌာန ဌာနမှူး  Alina Malinovskayaက "ပူးပေါင်းထုတ်လွှင့်မှု"ကို အလွန်ထောက်ခံကြောင်း၊ "ပူးပေါင်း ထုတ်လွှင့်မှု"သည် အရည်အသွေး ကောင်းမွန်သည့် အစီအစဉ် ထုတ်လုပ်မှု အတွက် သော့ချက်ကျသည်ဟု ယူဆကြောင်း ပြောကြားသည်။

အာရှ မီဒီယာ ထိပ်သီး အစည်းအဝေးကို ၂၀၀၄ခုနှစ်က အာရှနှင့် ပစိဖိတ် ထုတ်လွှင့်မှု ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ ကမကထပြုပြီး စတင် ကျင်းပခဲ့ကြောင်း၊ ယခုအကြိမ် အစည်းအဝေး၏ ဆောင်ပုဒ်မှာ "မီဒီယာ ခေတ်သစ်တွင် တစ်ကမ္ဘာလုံး အတူဖွံ့ဖြိုးတိုးတက် စေရန်" ဟူ၍ ဖြစ်ကြောင်း၊ ၄၈နိုင်ငံနှင့် နိုင်ငံတကာ အဖွဲ့အစည်း ၇ခုမှ ကိုယ်စားလှယ် ၄၅၀ကျော်သည် အစည်းအဝေးသို့ တက်ရောက်ကြကြောင်း သိရသည်။

   Webradio