• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အဌမ အကြိမ်မြောက် သန့်စင်စွမ်းအင်ရေးရာ ဝန်ကြီးများ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-06-08 10:28:18

အဌမ အကြိမ်မြောက် သန့်စင်စွမ်းအင်ရေးရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဒုတိယ အကြိမ်မြောက် ဆန်းသစ်တီထွင်ရေးဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးကို ယခုလ ၁၇ ရက်နေ့က ပီကင်း၌ ဖွင့်လှစ်ခဲ့ကြောင်း၊ အဖွဲ့ဝင်နိုင်ငံ ၂၀ ကျော်နှင့် နိုင်ငံတကာ အဖွဲ့အစည်းများက အစည်းအဝေးသို့ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

တရုတ် နိုင်ငံတော်ကောင်စီ ဒုဝန်ကြီးချုပ် ကျမ်းကောလိသည် ဖွင့်ပွဲ အခမ်းအနားတွင် မိန့်ခွန်း ပြောကြားခဲ့သည်။ ကျမ်းကောလိက၊ သန့်စင်စွမ်းအင်ရေးရာ ဝန်ကြီးများ အစည်းအဝေးနှင့် ဆန်းသစ်တီထွင်ရေးဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးသည် လက်ရှိ အချိန်တွင် သန့်စင်စွမ်းအင်နယ်ပယ်တွင် အရေးကြီး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု စနစ် ဖြစ်ကြောင်း၊ စနစ် အဖွဲ့ဝင် နိုင်ငံ ၂၆ နိုင်ငံတို့တွင် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု ပမာဏမှာ တစ်ကမ္ဘာလုံး စုစုပေါင်းပမာဏ၏ ၇၅ ရာခိုင်နှုန်း ရှိပြီး သန့်စင်စွမ်းအင်ဆိုင်ရာ ငွေရင်းမြှုပ်နှံမှု ပမာဏမှာ တစ်ကမ္ဘာလုံး စုစုပေါင်းပမာဏ၏ ၉၀ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ မိမိတို့သည် နိုင်ငံတကာ သန့်စင်စွမ်းအင် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ပြုပြင် ပြောင်းလဲမှုကို တွန်းအားပေးပြီး နိုင်ငံတကာ စွမ်းအင် အန္တရာယ်များကို လက်တွဲ ဖယ်ရှားကာ တစ်ကမ္ဘာလုံး စွမ်းအင်လုပ်ငန်း ဆက်တိုက် ဖွံ့ဖြိုးရေးကို တွန်းအား ပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဝန်ကြီးများ တံခါးပိတ်အစည်းအဝေးနှင့် အဆင့်မြင့်ဖိုရမ် အပြင်၊ အစည်းအဝေး အတောအတွင်း သန့်စင်စွမ်းအင်နည်းပညာနှင့် ကုန်ပစ္စည်း မိတ်ဆက်ပွဲများကိုလည်း ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio