• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းသည် အလယ်အာရှ စက္ကူဝါစာတမ်း ထုတ်ပြန်

(GMT+08:00) 2017-06-07 09:45:28

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကာဇက်စတန် သမ္မတ နာဇာဘာယဲ့ဖှ်၏ ဖိတ်ကြားချက်အရ ယခုလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကာဇက်စတန်နိုင်ငံ၌ တရားဝင် ခရီးလှည့်လည်မည် ဖြစ်ကြောင်း၊ ထို့ပြင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ ၁၇ ကြိမ်မြောက် အစည်းအဝေးနှင့် အာစတာနာ သီးသန့် ကမ္ဘာ့ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

တရုတ် လူမှုသိပံ္ပပညာ တံခွန်အသင်းကြီးသည် ယခုလ ၆ ရက်နေ့က အလယ်အာရှ စက္ကူဝါစာတမ်းနှင့် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စက္ကူဝါစာတမ်းကို ထုတ်ပြန်ခဲ့သည်။ အလယ်အာရှ စက္ကူဝါစာတမ်းတွင် အလယ်အာရှဒေသတွင် စီးပွါးရေးနှင့် လူမှုရေးတွင် အခက်အခဲ များပြားပြီး လုံခြုံရေးနယ်ပယ်တွင် စိန်ခေါ်မှုများ ဆက်တိုက် တိုးများလာကြောင်း၊ သို့သော် ခြုံပြီးကြည့်လျှင် လုံခြုံမှု အခြေအနေကို ထိန်းချုပ်နိုင်ပါကြောင်း ရေးသားဖေါ်ပြထားသည်။ တရုတ်နှင့်အလယ်အာရှ ဆက်ဆံမှုနှင့် ပတ်သက်ပြီး စက္ကူဝါစာတမ်းတွင်၊ တရုတ်နှင့် အလယ်အာရှ နိုင်ငံများ သံတမန်ရေး ထားရှိခဲ့သည့် ၂၅ နှစ်အတွင်း တရုတ်နှင့် အလယ်အာရှ ၅ နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဖက်ကောင်း၊ မိတ်ဆွေကောင်း မှနေ၍ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် အဖြစ် အဆင့် တိုးမြှင့်လာပြီ ဖြစ်ကြောင်း ရေးသားထားသည်။

ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ စက္ကူဝါစာတမ်းတွင်၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့သည် အခြေခံ အဆောက်အဦ ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်မှု၊ ငွေကြေးနှင့် လယ်ယာ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရေးသားဖေါ်ပြထားသည်။

   Webradio