• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

၂၀၁၇ ခုနှစ် နိုင်ငံတကာ အာကာသ စူးစမ်းလေ့လာရေး အစည်းအဝေး ဖွင့်လှစ်

(GMT+08:00) 2017-06-07 08:42:31

၂၀၁၇ ခုနှစ် နိုင်ငံတကာ အာကာသ စူးစမ်းလေ့လာရေး အစည်းအဝေးကို ယခုလ ၆ ရက်နေ့က ပီကင်း၌ စတင် ကျင်းပခဲ့ကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ ကော်မတီဝင်၊ နိုင်ငံတော်ဒုဥက္ကဋ္ဌ လီယွမ်ချောင်သည် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး တရုတ်နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ ဝမ်မြောက်ကြောင်း သဝဏ်လွှာကို ဖတ်ကြားခဲ့ကြောင်း ဆင်ဟွာ သတင်းအရ သိရပါသည်။

ယခုအကြိမ် အစည်းအဝေးကို ကမ္ဘာ့ အာကာသ အဖွဲ့ချုပ်က ဦးစီးပြုလုပ်ပြီး တရုတ် အာကာသအသင်းက လက်ခံ စည်းရုံးကျင်းပခြင်း ဖြစ်ကြောင်း၊ ကမ္ဘာ့ နိုင်ငံအသီးသီးမှ ကျွမ်းကျင်ပညာရှင်နှင့် အာကာသလုပ်ငန်းဝန်ထမ်း ၈၀၀ ကျော်တို့သည် အာကာသ စူးစမ်းလေ့လာရေး၊ အာကာသ စမ်းသပ်ခန်းနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

   Webradio