• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ခိုးနားထောင်၊ ဓါတ်ပုံခိုးရိုက်ပစ္စည်း တရားမဝင် အသုံးပြုမှုကို တရုတ် ရဲဘက် ဖြိုခွင်း

(GMT+08:00) 2017-06-07 08:28:03

အနောက်မီဒီယာ အချို့က၊ အမေရိကန်၌ ဌာနချုပ်ရုံး ထားရှိသည့် စီးပွါးဖြစ် မဟုတ်သော အသင်းအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ တရုတ်နိုင်ငံသား သုံးယောက်သည် တရုတ် နိုင်ငံ၌ အဖမ်းခံခဲ့ရခြင်းနှင့် ပျောက်ဆုံးနေခြင်း သတင်းကို မကြာမီက ထုတ်ပြန် ခဲ့သည်။   

တရုတ်ပြည် ကျန်းရှီးပြည်နယ် ကန့်ကျိုးမြို့ ပြည်သူ့လုံခြုံရေးဌာနမှ သတင်းအရ၊ မကြာမီက ကန့်ကျိုး ပြည်သူ့လုံခြုံရေးဌာနသည် ပြည်သူလူထုမှ သတင်းပေးပို့ချက်အရ၊ ခိုးနားထောင်နှင့် ဓါတ်ပုံ ခိုးရိုက်ပစ္စည်း တရားမဝင် အသုံးပြုမှုကို ဖြိုခွင်းပြီး စူဟင်၊ လီကျောင်း၊ ဟွာဟိုင်ဖုန်း အပါအဝင် သင်္ကာမကင်းသူ သုံးယောက်ကို ဖမ်းဆီးခဲ့သည်။ ဒေသခံ ပြည်သူ့လုံခြုံရေးဌာနသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ရာဇဝတ်မှုဥပဒေအရ ခိုးနားထောင်၊ ဓါတ်ပုံခိုးရိုက်ပစ္စည်းကို တရားမဝင် အသုံးပြုမှု သံသယရှိခြင်းဖြင့် အထက်ပါ လူသုံးယောက်ကို ချုပ်နှောင်ထားပြီ ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio