• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-အိန္ဒိယနယ်​နိ​မိတ်ပြဿနာဖြေရှင်းရေးသည်၊ ၂ နိုင်ငံ၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြား

(GMT+08:00) 2017-06-06 11:12:35

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်းယဉ်က၊ တရုတ်နှင့် အိန္ဒိယခေါင်းဆောင်တို့သည်၊ နယ်နိမိတ်ပြဿနာအပေါ် အလွန်အရေးထားသဖြင့်၊ တွေ့ဆုံ ဆွေးနွေးပွဲကျင်းပတိုင်း ယင်းပြဿနာနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာဆွေးနွေးလေ့ရှိကြောင်း၊ နှစ်ဖက်တို့အနေနှင့်၊ တရုတ်-အိန္ဒိယနယ်နိမိတ်ပြဿနာကို ဆောလျင်စွာ ဖြေရှင်း နိုင်ရေးသည်၊ ၂ နိုင်ငံတို့၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီသည်ဟု ယူဆကြကြောင်း ယခုလ ၅ ရက်နေ့က ကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော်ပြောကြားခဲ့သည် ဟု တရုတ်သတင်းဌာနမှ သတင်းအရသိရသည်။

   Webradio