• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှီကျင့်ဖိန်သည် ကာဇက်စတန်သို့ ခရီးလှည့်လည်မည်

(GMT+08:00) 2017-06-06 09:54:47

တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် ကာဇက်စတန် သမ္မတ အာဇာဘာယဲ့ဖ်၏ ဖိတ်ကြားချက်အရ ယခုလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကာဇက်စတန်၌ တရားဝင် ခရီး လှည့်လည်မည် ဖြစ်ကြောင်း၊ ထို့ပြင် ရှီကျင့်ဖိန်သည် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ဝင်နိုင်ငံ ထိပ်သီးခေါင်းဆောင်များကောင်စီ ၁၇ ကြိမ်မြောက် အစည်းအဝေးနှင့် အာစတာဖှာ သီးသန့် ကမ္ဘာ့ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့လည်း တက်ရောက်မည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးလက်ထောက် လီဟွေလိုင်က၊ ယင်းသည် တရုတ်နှင့် ကာဇက်စတန် အပါအဝင် ဥရောပ၊ အာရှ နိုင်ငံများ ဆက်ဆံမှု တိုးတက်ရေးကို တွန်းအားပေးမည့်အပြင် ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ဆက်တိုက် ပုံမှန် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည် ဖြစ်ကြောင်း ယခုလ ၅ ရက်နေ့က ပြောကြား ခဲ့ပါသည်။

ကာဇက်စတန်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ ခေါင်းဆောင်တို့သည် နှစ်နိုင်ငံ ဆက်ဆံမှု၊ ဖွံ့ဖြိုးရေး မဟာဗျူဟာ ဆက်နွယ်မှု၊ Belt and Road အပြန်အလှန် အကျိုးရှိစေရေး ပူးပေါင်း ဆောင်ရွက်မှုနှင့် နှစ်ဖက်စလုံး အရေးထားကြသော နိုင်ငံတကာနှင့် ဒေသရေးရာ ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio