• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်များ တရုတ် ပြုလုပ်

(GMT+08:00) 2017-06-06 09:50:52

ဇွန်လ ၅ ရက်နေ့သည် ၄၆ ကြိမ်မြောက် ကမ္ဘာ့ ပတ်ဝန်းကျင်နေ့ ဖြစ်ပြီး တရုတ်ပြည် ဒေသအရပ်ရပ်တွင် အထိမ်းအမှတ် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း၊ ယခုနှစ် တရုတ်ပြည် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်သည် စိမ်းလန်းစိုပြေရေးသည် ချမ်းသာရေးကို ဖန်တီးခြင်း ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

တရုတ် ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး ဝန်ကြီးဌာနနှင့် ကျန်းစူးပြည်နယ် အစိုးရဌာနတို့ ပူးတွဲ ပြုလုပ်သော ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ၂၀၁၇ ခုနှစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး နည်းပညာသစ် အစည်းအဝေးကို ၅ ရက်နေ့က နန်ကင်း မြို့၌ ကျင်းပခဲ့ကြောင်း၊ အစည်းအဝေးမှ ထုတ်ပြန်သော ၂၀၁၆ ခုနှစ် တရုတ်ပြည် ပတ်ဝန်းကျင် အခြေအနေ အစီရင်ခံစာအရ ၂၀၁၆ ခုနှစ်တွင် တရုတ်ပြည် တစ်ပြည်လုံး၌ လေထုနှင့် ရေ အရင်းအမြစ်ဆိုင်ရာ ပတ်ဝန်းကျင်မှာ ထင်ရှားစွာ ကောင်းမွန်လာပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

   Webradio