• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ပါရီ စာချုပ်တွင် ကန်နှုထွက်ခြင်း ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ရေး အပေါ် ထိခိုက်မည် မဟုတ်

(GMT+08:00) 2017-06-05 14:30:53

အမေရိကန်သည် ပါရီ သဘောတူ စာချုပ်မှ နှုတ်ထွက်မည်ဟု ဆုံးဖြတ်ကြောင်း ယခုလ ၁ရက်နေ့က အမေရိကန် သမ္မတ ထရမ့်က ကြေညာခဲ့ကြောင်း၊ ပညာရှင်များက ပါရီ သဘောတူ စာချုပ်သည် ဘက်အသီးသီးမှ ကျယ်ပြန့်သော အားပေးထောက်ခံမှု ရှိကြောင်း၊ အမေရိကန်၏ နှုတ်ထွက်ခြင်းသည် ရာသီဥတု ပြောင်းလဲမှုကို နိုင်ငံ အသီးသီး၏ ရင်ဆိုင် ဖြေရှင်းရေး အပေါ် ထိခိုက်မည် မဟုတ်ကြောင်း ယူဆသည်ဟု ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

၂၀၁၅ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့က "ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှု မူဘောင် ပဋိညာဉ်စာချုပ်" ချုပ်ဆိုဘက် ၁၉၆ခုသည် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ပါရီ ညီလာခံ တွင် ပါရီ သဘောတူ စာချုပ်ကို ချုပ်ဆိုကြပြီး ၂၀၂၀ပြည့်နှစ် နောက်ပိုင်း၌ တစ်ကမ္ဘာလုံး၏ ရာသီဥတု ပြောင်းလဲမှု ရင်းဆိုင်ရေး ဆောင်ရွက်မှု အတွက် စီစဉ်ပေးခဲ့ကြောင်း၊ ၂၀၁၆ခုနှစ် နိုဝင်ဘာလက ပါရီ သဘောတူ စာချုပ်သည် တရားဝင် အာဏာတည်ပြီး အမြန်ဆုံး အာ ဏာတည်သော ဘက်ပေါင်းစုံ နိုင်ငံတကာ စာချုပ်များတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း သိရသည်။

ပါရီ သဘောတူ စာချုပ်မှ နှုတ်ထွက်ခြင်း၏ အကြောင်းရင်းနှင့် ပတ်သက်၍ ထရမ့် အစိုးရက ပါရီ သဘောတူ စာချုပ်သည် အမေရိကန်အား ဘဏ္ဍာရေးနှင့် စီးပွားရေး ဝန်ထုပ်ဝန်ပိုး ကျခံစေခဲ့ကြောင်း ပြောကြားသည်။ သို့သော် ပညာရှင်များက ထရမ့်၏ အကြောင်းရင်းသည် အထောက်အထား မရှိကြောင်း ယူဆကြသည်။

ပါရီ သဘောတူ စာချုပ်ကို စာချုပ်ချုပ်ဆိုဘက် ၁၄၀ကျော်မှ အတည်ပြု ခွင့်ပြုချက် ရရှိပြီး ၄င်းချုပ်ဆိုဘက်များ၏ ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု ပမာဏမှာ တစ်ကမ္ဘာလုံး ထုတ်လွှတ်မှု စုစုပေါင်းပမာဏ၏ ၈၂ရာခိုင်နှုန်းကျော် ရှိကြောင်း၊ ဥရောပ သမဂ္ဂနှင့် ဂျပန် အပါအဝင် အခြား ဖွံ့ဖြိုးပြီး စီးပွားရေး အုပ်စုများသည် ၄င်းစာချုပ်ကို ဆက်လက် ပြတ်သားစွာ လိုက်နာဆောင်ရွက်မည် ဖြစ်ကြောင်း ကတိပြုခဲ့ကြကြောင်း၊ အမေရိကန်၏ နှုတ်ထွက်ခြင်းသည် တစ်ကမ္ဘာလုံး၏ ရာသီဥတု ပြောင်းလဲမှု ရင်ဆိုင်ဖြေးရှင်းရေး အပေါ် ထိခိုက်မည် မဟုတ်ကြောင်း ရေးသားဖော်ပြသည်။

   Webradio