• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကမ္ဘာ့ ငြိမ်းချမ်းရေးဆိုင်ရာ ကိန်းညွှန်း စင်ကာပူ ၂၁၊ မလေးရှား ၂၉ နေရာ ယူထား

(GMT+08:00) 2017-06-05 12:55:46

မကြာမီက ထုတ်ပြန်ခဲ့သော ၂၀၁၇ ခုနှစ် ကမ္ဘာ့ ငြိမ်းချမ်းရေး ကိန်းညွှန်း စာရင်းဇယားတွင် စင်ကာပူသည် ၂၁၊ မလေးရှားသည် ၂၉ နေရာတွင် အသီးသီး တည်ရှိ နေကြောင်း စင်ချူ နေ့စဉ်သတင်းစာမှ သတင်းကို ကိုးကား၍ တရုတ် ကုန်သွယ်ရေး ဝန်ကြီးဌာန ဝက်ဘဆိုက်တွင် ရေးသားဖေါ်ပြထားသည်။

ယင်းကိန်းညွှန်း စာရင်းဇယား ထုတ်ပြန်သော ဆစ်ဒ်နီ စီးပွါးရေးနှင့် ငြိမ်းချမ်းရေး သုတေသနဌာန ရှေ့ဆောင်ဖွဲ့စည်းသူ ကီလီယာက၊ လွန်ခဲ့သည့်နှစ်တွင် ကမ္ဘာကြီးသည် အသင့်အတင့် ငြိမ်းချမ်းပါကြောင်း၊ သို့သော် အရှေ့အလယ်ပိုင်းဒေသ အငြင်းပွါးမှု၊ အမေရိကန် နိုင်ငံရေး မတည်မငြိမ်ဖြစ်မှု၊ ဒုက္ခသည်ရေးရာနှင့် ဥရောပနိုင်ငံများ၌ ဖြစ်ပွါးသော အကြမ်းဖက်မှုများ စသည့် အန္တရာယ်များ ရှိမြဲရှိနေကြောင်း ပြောကြားခဲ့ပါသည်။

   Webradio