• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ရှန်ဂ်ရီလာ ဆွေးနွေးပွဲတွင် အရှေ့တောင်အာရှ အကြမ်းဖက်မှု တိုက်ဖျက်ရေးကို အာရုံစိုက်

(GMT+08:00) 2017-06-05 09:41:34

၁၆ ကြိမ်မြောက် ရှန်ဂ်ရီလာ ဆွေးနွေးပွဲကို ယခုလ ၂ ရက်နေ့မှ ၄ ရက်နေ့အထိ စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် အာရှ ပစိဖိတ်ဒေသ လုံခြုံရေး အခြေအနေကို အဓိကထား ဆွေးနွေးခဲ့ကြသည်။ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင် စသည့် နိုင်ငံမှ ကာကွယ်ရေးဌာနများသည် မိမိနိုင်ငံ၏ အကြမ်းဖက်မှု တိုက်ဖျက်ရေး အခြေအနေကို ရှင်းလင်း ပြောကြားပြီး နိုင်ငံအသီးသီးတို့ အနေနှင့် အကြမ်းဖက်မှု အပါအဝင် သမားရိုးကျ မဟုတ်သော နယ်ပယ်မှ လုံခြုံရေးစိန်ခေါ်မှုများကို လက်တွဲ ရင်ဆိုင်ဖြေရှင်းရန် ပန်ကြား ခဲ့ကြပါသည်။

အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး ယာမီဇာဒ်သည် အရှေ့တောင်အာရှ ဒေသ တစ်ခုလုံး ရင်ဆိုင်နေရသော အကြမ်းဖက် ခြိမ်ခြောက်မှုနှင့် ပတ်သက်ပြီး ပြောကြား ရာတွင်၊ အရှေ့တောင်အာရှဒေသတွင် အစွန်းရောက်ဝါဒ အပေါ် စာနာသည့် သဘော ထားသူဦးရေမှာ ခန့်မှန်းသည်ထက် ပိုများနိုင်ကြောင်း၊ ယင်းသည် အန္တရာယ် ကြီးသည့် ကိစ္စပင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင် ကာကွယ်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ရီကာဒို ဒယ်ဗီက၊ ဖိလစ်ပိုင် လေတပ်သည် အကြမ်းဖက်သမားများအား တိုက်ခိုက်နေကြောင်း၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပိုမိုများပြားသော နိုင်ငံချင်းနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး သတင်းအချက်အလက် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio