• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အမေရိကန်နှင့် ဂျပန် ကာကွယ်ရေး ဝန်ကြီးတို့၏ ပြောဆိုချက်ကို တရုတ် ကန့်ကွက်

(GMT+08:00) 2017-06-05 09:35:47

ယခုလ ၃ ရက်နေ့က အမေရိကန် ကာကွယ်ရေး ဝန်ကြီး မာတစ္စနှင့် ဂျပန် ကာကွယ်ရေး ဝန်ကြီး တိုမိုမီ အီနာဒါတို့သည် ရှန်ဂ်ရီလာ ဆွေးနွေးပွဲတွင် တောင်ပင်လယ်နှင့် ထိုင်ဝမ် ပြဿနာများနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ကြသည်။ ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွင်ယဉ်က၊ တရုတ် နိုင်ငံသည် အမေရိကန်နှင့် ဂျပန်မှ သက်ဆိုင်ရာပုဂ္ဂိုလ်များ၏ တာဝန်မယူသော ပြောဆိုခြင်းကို သတိထားမိကြောင်း၊ ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ၄ ရက်နေ့က ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio