• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဖိလစ်ပိုင် ဟိုတယ် လက်နက်ကိုင် တိုက်ခိုက်မှုတွင် တရုတ် နိုင်ငံသား ငါးဦး သေဆုံး

(GMT+08:00) 2017-06-04 08:49:26

ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ် သံရုံးမှ ၃ ရက်နေ့က သတင်းအရ၊ ယခုလ ၂ ရက်နေ့က ဖိလစ်ပိုင်၌ ဖြစ်ပွါးခဲ့သော ဟိုတယ် လက်နက်ကိုင် တိုက်ခိုက်မှုတွင် တရုတ် ပြည်မကြီးသား ၁ ဦးနှင့် ထိုင်ဝမ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ရေးသားဖေါ်ပြထားသည်။

၂ ရက်နေ့ နံနက် လင်းအားကြီးအချိန်တွင် resort World Manila ဟိုတယ်၌ လက်နက်ကိုင်များ သေနတ်ပစ်ခတ်မှုနှင့် ဓါတ်ဆီဖြင့် မီးတင်ရှို့မှု ဖြစ်ပွါးခဲ့ရာ လူ ၃၈ ဦးထက် မနည်း သေဆုံးပြီး ၅၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

   Webradio