• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဥရောပသမဂ္ဂ စက်မှုနှင့်ကုန်သွယ်မှု ထိပ်သီးအစည်းအဝေးသို့ လီခေ့ချန် တက်ရောက်ပြီး မိန့်ခွန်းပြောကြား

(GMT+08:00) 2017-06-03 12:54:59

        ဒေသစံတော်ချိန် ယခုလ ၂ ရက်နေ့ နံနက်ပိုင်းက တရုတ်နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က ဘရပ်ဆဲမြို့၌ ကျင်းပသော တရုတ်-ဥရောပသမဂ္ဂ စက်မှုနှင့် ကုန်သွယ်မှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ တရုတ်နှင့် ဥရောပသမဂ္ဂတို့သည် ကမ္ဘာ့ ငြိမ်းချမ်းရေးကို ထိန်းသိမ်းကာကွယ်ပြီး လက်တွဲ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးကြသည့် အင်အားစုနှစ်စုပင်ဖြစ်ကြောင်း၊ ယခုအကြိမ် ခရီးစဉ်ဖြင့် တရုတ်-ဥရောပသမဂ္ဂ နှစ်ဖက်တို့အနေနှင့် သဘောတူညီမှုရရှိပြီး အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ကာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေရန်လိုကြောင်း ပြောကြားသည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio