• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်ပြည်ဘက်သည် တစ်ကမ္ဘာလုံး ရာသီဥတု ပြုပြင်ပြောင်းလဲရေးကို ပြတ်သားစွာ ထိန်းသိမ်းကာကွယ်မည်

(GMT+08:00) 2017-06-03 12:48:27

        ယခုလ ၁ ရက်နေ့က အမေရိကန်သမ္မတ ထရန့်က အမေရိကန်နိုင်ငံသည် ပါရစ်သဘောတူစာချုပ်မှ ထွက်ခွါပြီး ယင်းစာချုပ်တွင် သတ်မှတ်ထားသော ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှင့်မှု လျှော့ချရေး စံနှုန်းများကို မလိုက်နာကျင့်သုံးတော့မည်ဖြစ်ကြောင်း အိမ်ဖြူတော်၌ ကြေညာခဲ့သည်။ ၄င်းနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချွန်ယဉ်က တရုတ်ပြည်ဘက်သည် အမေရိကန်နိုင်ငံ၏ ပါရစ် သဘာတူစာချုပ်မှ ထွက်ခွာခြင်းကို အာရုံးစိုက်ကြောင်း၊ တရုတ်ပြည်သည် တစ်ကမ္ဘာလုံး ရာသီဥတု ပြုပြင်ပြောင်းလဲရေးကို ဦးလည်မသုန် ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း ယခုလ ၂ ရက်နေ့က ပီကင်းမြို့၌ ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

   Webradio