• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဒေါ်အောင်ဆန်းစုကြည် ဖန်ဖှုန်ဟွေးနှင့် တွေ့ဆုံ

(GMT+08:00) 2017-06-02 13:48:38

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ဇွန်လ ၁ရက်နေ့က နေပြည်တော်၌ အလည်အပတ်ရောက်ရှိ နေသော တရုတ် ကွန်မြူနစ်ပါတီ ဗဟိုစစ်ရေးကော်မရှင် အဖွဲ့ဝင်၊ စစ်ရေးကော်မရှင် ပူးတွဲစစ်ဦးစီး ဖန်ဖှုန်ဟွေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ စီအာအိုင်သတင်းအရ သိရပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသည် The Belt and Road အဆိုပြုချက်ကို တက်ကြွစွာတုံ့ပြန်ပြီး နှစ်နိုင်ငံအကြား အရေးကြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများသည် အောင်မြင်မှု ရရှိပြီဖြစ်ကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နယ်ပယ်အသီးသီး မှ ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစွာဆောင်ရွက်ရန် မျှော်လင့်ကြောင်း၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစု ပင်လုံ ဒုတိယအကြိမ်မြောက်အစည်းအဝေးကို ကျင်းပနိုင်ခြင်းရန်အတွက် တရုတ် နိုင်ငံအနေနှင့် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံသည် တရုတ်နှင့်အတူ နယ်စပ်ဒေသ၏ အေးချမ်းတည်ငြိမ်မှုကို ပူးတွဲ ထိန်းသိမ်းစောင့်ရှောက်ရန် လိုကြောင်း၊ ပြောကြားခဲ့ပါသည်။

ဖန်ဖှုန်ဟွေးက ဥက္ကဋ္ဌရှီကျင့်ဖိန်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ပူးတွဲတွန်းအားပေးမှုဖြင့် နှစ်နိုင်ငံအကြား နိုင်ငံရေး ပိုမိုအပြန်အလှန်ယုံကြည်မှု အဆက်မပြတ်တိုးပွားလာပြီး စီးပွားရေး၊ ယဉ်ကျေးမှု၊ စစ်ရေးစသောနယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှု အဆက်မပြတ် ပိုမိုနက်ရှိုင်းလာကြောင်း၊ အရေးကြီးသော ပြဿနာများကိုင်တွယ်ဖြေရှင်းရာတွင် အပြန်အလှန်အားပေး ထောက်ခံကြောင်း၊ တရုတ်နိုင်ငံ အနေနှင့် မြန်မာတပ်မတော်နှင့်အတူ အားဖြည့်ပူးပေါင်းဆောင်ရွက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ဘက်စုံဖွံ့ဖြိုးတိုးတက်နိုင်အောင် တွန်းအားပေးရန် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်လိုကြောင်း၊ ပြောကြားခဲ့ပါသည်။

   Webradio