• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တောင်၊ မြောက်ကိုးရီးယား အပြုသဘောဆောင်သော ဆွေးနွေးပွဲနှင့် ဆက်ဆံမှု ပြုလုပ်ရန် တရုတ်အားပေးထောက်ခံ

(GMT+08:00) 2017-06-02 10:49:43

        ယခုလ ၁ ရက်နေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွန်ယဉ်က တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယား နှစ်ဖက်တို့အနေနှင့် အပြန်အလှန် ယုံကြည်မှုကို တိုးမြှင့်ရန်အတွက် အပြုသဘောဆောင်သော ဆွေးနွေးပွဲနှင့် ဆက်ဆံမှုကို တက်ကြွစွာ ပြုလုပ်ကြရန် တရုတ်ပြည်ဘက်သည် အားပေးထောက်ခံကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        မကြာခင်ရက်များက တောင်ကိုးရီးယား တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေး ဝန်ကြီးဌာနသည် ဇွန်လ ၁၅ ရက်နေ့ ပူးတွဲကြေညာစာတမ်း တောင်ကိုးရီးယား အကောင်အထည် ဖော်ဆောင်ရေးကော်မတီ တင်ပြခဲ့သော မြောက်ကိုးရီးယားနိုင်ငံနှင့် ဆက်ဆံရန် လျှောက်လွှာကို ခွင့်ပြုခဲ့ကြောင်း၊ တောင်ကိုးရီးယားအစိုးရသည် နိုင်ငံတကာမိသားစုကြီး၏ မြောက်ကိုးရီးယားနိုင်ငံအား အရေးယူမှု အခြေအနေကို မထိခိုက်သည့်မူဘောင်တွင် တောင်ကိုးရီးယားနှင့် မြောက်ကိုးရီးယားအကြား အရပ်ဘက် ကူးလူးဖလှယ်မှုများကို ခွင့်ပြုရန်လိုကြောင်း၊ ၄င်းနှင့်ပတ်သက်ပြီး ဟွာ့ချွန်ယဉ်က ကြိုဆိုခြင်း ဖော်ပြခဲ့ကြောင်း သတင်းအရ သိရပါသည်။

   Webradio