• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သာဒ်ချခြင်းကို ကန်နှင့် တောင်ကိုးရီးယား အမြန်ဆုံး ရပ်စဲရန် တရုတ် ပြင်းထန်စွာ ပန်ကြား

(GMT+08:00) 2017-06-02 10:49:18

        တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာ့ချွန်ယဉ်က ယခုလ ၁ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ အမေရိကန်နိုင်ငံသည် တောင်ကိုးရီးယားနိုင်ငံ၌ သာဒ်စနစ် ချထားခြင်းသည် တရုတ်ပြည်၏ မဟာဗျူဟာ လုံခြုံရေး အကျိုးစီးပွားကို ပြင်းထန်စွာ ထိခိုက်ပြီး ဒေသတွင်း မဟာဗျူဟာ ညီမျှမှုကိုလည်း ဖျက်ဆီးကြောင်း၊ ယင်းလုပ်ရပ်သည် ကိုးရီးယားကျွန်းဆွယ် နျူကလီးယားကင်းမဲ့ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် အကျိုးမရှိကြောင်း၊ တရုတ်ပြည်ဘက်သည် ယင်းလုပ်ရပ်ကို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု စီအာအိုင် သတင်းအရ သိရပါသည်။

        ဟွာ့ချွန်ယဉ်က မိမိတို့သည် တောင်းကိုးရီးယားနိုင်ငံအား အရေးဆိုပြီဖြစ်ပြီး တည်ကြည်လေးနက်သော ရပ်တည်ချက်ကို ဖော်ပြခဲ့ကြောင်း၊ အမေရိကန်နှင့် တောင်ကိုးရီးယားတို့အနေနှင့် သာဒ် ချခြင်းကို အမြန်ဆုံး ရပ်စဲရန် တရုတ်ပြည်ဘက်က ပြင်းထန်စွာ တိုက်တွန်းလှုံ့ဆော်ကြောင်း ပြောကြားသည်။

   Webradio