• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ကန်၏ တောင်ကိုးရီးယားနိုင်ငံ၌ သာဒ်ချထားခြင်းကို ရုရှား လက်လွတ်စပယ် ပြုမည်မဟုတ်

(GMT+08:00) 2017-06-02 10:48:53

        ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံသည် အမေရိကန်နိုင်ငံ၏ တောင်ကိုးရီးယားနိုင်ငံ၌ သာဒ်စနစ် ချထားခြင်းကို လက်လွတ်စပယ် ပြုမည်မဟုတ်ကြောင်း ယခုလ ၁ ရက်နေ့က စိန်ပီတာစ်ဘတ်မြို့၌ ပြောကြားခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

        ထိုနေ့တွင် ပူတင်သည် ၂၁ ကြိမ်မြောက် စိန်ပီတာစ်ဘတ် နိုင်ငံတကာ စီးပွားရေး ဖိုရမ်သို့ တက်ရောက်လာသော နိုင်ငံတကာသတင်းဌာန ၁၀ ခုမှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ရာ အမေရိကန်နိုင်ငံ၏ ဥရောပနှင့် အရှေ့ဖျားနိုင်ငံများ၌ ဒုံးကျည်တိုက်ဖျက်ရေးစနစ်ကို ပိုမို ကျယ်ပြန့်စွာ ချထားခြင်းသည် လက်နက်အင်အား ပြိုင်ဆိုင်မှုကို ဖြစ်စေမည်ဖြစ်ကြောင်း၊ သာဒ် ဒုံးကျည်တိုက်ဖျက်ရေးစနစ်အပါအဝင် အမေရိကန်နိုင်ငံ၏ သက်ဆိုင်ရာ လုပ်ရပ်ကို ရုရှားနိုင်ငံဘက်က လက်လွတ်စပယ် ပြုမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။

   Webradio