• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဥရောပသမဂ္ဂသည် တရုတ်ပြည် WTO ပါဝင်ရေး အခြေပြစာချုပ် ပုဒ်မ ၁၅ ကို လိုက်နာရန် ဂျာမဏီ ထောက်ခံ

(GMT+08:00) 2017-06-02 09:53:02

တရုတ်နှင့် ဂျာမဏီ ဝန်ကြီးချုပ်တို့သည် ယခုလ ၁ ရက်နေ့က ဘာလင်းမြို့၌ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ကြောင်း၊ ယင်းသတင်းစာ ရှင်းလင်းပွဲတွင် တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က၊ ဥရောပသမဂ္ဂသည် တရုတ်ပြည် WTO ပါဝင်ရေး အခြေပြစာချုပ် ပုဒ်မ ၁၅ ပါ ဝတ္တရားများကို လိုက်နာဆောင်ရွက်ရန် ဂျာမဏီ ထောက်ခံခြင်းကို မိမိတို့ ချီးကျူးသည်ဟု ပြောကြားခဲ့ကြောင်း တရုတ် ရှင်ကျင် သတင်းစာမှ သတင်းအရ သိရပါသည်။

ဂျာမဏီ ဝန်ကြီးချုပ် မာကယ်က၊ မိမိသည် ဝန်ကြီးချုပ် လီခေ့ချန်နှင့် ယင်းကိစ္စကို ဆွေးနွေးကြကြောင်း၊ မိမိတို့သည် WTO ၏ မူနှင့် စည်းမျဉ်းများကို ထောက်ခံကြောင်း၊ ဥရောပသမဂ္ဂသည် တရုတ်ပြည် WTO ပါဝင်ရေး အခြေပြစာချုပ် ပုဒ်မ ၁၅ ပါ ဝတ္တရားများကို လိုက်နာ ဆောင်ရွက်ရန်ကိုလည်း မိမိတို့ ထောက်ခံကြောင်း ပြောကြား ခဲ့ပါသည်။

   Webradio