• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဂျာမဏီ နိုင်ငံ၌ မိန့်ခွန်း ပြောကြား

(GMT+08:00) 2017-06-02 09:48:26

ဒေသစံတော်ချိန် ယခုလ ၁ ရက်နေ့ နံနက်ပိုင်းက တရုတ် ဝန်ကြီးချုပ် လီခေ့ချန်သည် ဘာလင်းမြို့၌ ဂျာမဏီ ဝန်ကြီးချုပ် မာကယ်နှင့်အတူ ဆန်းသစ်တီထွင်မှု လက်တွဲ ထူထောင်ရေး တရုတ်-ဂျာမဏီ ဖိုရမ်သို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

လီခေ့ချန်က၊ တရုတ်နှင့် ဂျာမဏီတို့၏ ဆန်းသစ်တီထွင်ရေးဆိုင်ရာ အရင်းအမြစ်များကို အပြန်အလှန် ဖြည့်စွက်နိုင်ဖွယ်ရာ များပြားပြီး နှစ်ဖက်တို့သည် ဆန်းသစ်တီထွင်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရွှေမိတ်ဖက်ဟု ခေါ်နိုင်ပါကြောင်း၊ အားကောင်းသည့် ဆန်းသစ်တွင်ရေးဆိုင်ရာ မိတ်ဖက် ဆက်ဆံမှုသည် နှစ်ဖက်အကြား လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှုအတွက် အားကောင်းသော အင်ဂျင် ဖန်တီးပေးနေကြောင်း၊ ယင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံနှင့် ဖွံ့ဖြိုးပြီးနိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှု၏ စံနာမူနာကောင်းဟု ဆိုနိုင်ပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio