• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဂျာမဏီ ဝန်ကြီးချုပ် ပူးတွဲ သတင်းစာရှင်းလင်းပွဲ ကျင်းပ

(GMT+08:00) 2017-06-02 09:46:04

တရုတ်-ဂျာမဏီ ဝန်ကြီးချုပ်များ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁ ရက်နေ့က ဂျာမဏီနိုင်ငံတွင် ကျင်းပခဲ့ကြောင်း၊ တွေ့ဆုံ ဆွေးနွေးပွဲ အပြီးတွင် ဝန်ကြီးချုပ် နှစ်ဦးသည် ပူးတွဲ သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ပြီး တွေ့ဆုံဆွေးနွေးပွဲ၏ အောက်ကျိုးရလဒ်များကို ရှင်းလင်းပြောကြားခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

သတင်းစာရှင်းလင်းပွဲတွင် တရုတ် ဝန်ကြီးချုပ် လီခေ့ချန်က၊ တရုတ်- ဥရောပ ရင်းနှီးမြှုပ်နှံရေး သဘောတူစာချုပ်ဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲ ဖြစ်စဉ်ကို တွန်းအား ပေးခြင်းသည် တရုတ်-ဥရောပ အပြန်အလှန် တံခါးဖွင့်ရေးနှင့် တန်းတူရည်တူ တံခါး ဖွင့်ရေး အတွက် အကျိုးရှိရုံသာမက တရုတ်-ဥရောပ အပြန်အလှန် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေးအတွက်လည်း အကျိုးရှိမည် ဖြစ်ကြောင်း၊ တရုတ်-ဥရောပတို့သည် ကုန်သွယ်ရေး မိတ်ဖက် အနေနှင့် လွတ်လပ်သောကုန်သွယ်ရေးဇုန် တည်ထောင်နိုင်ဖွယ်ရာ ကိစ္စရပ်များကို ရှာကြံရန် လိုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ဂျာမဏီ ဝန်ကြီးချုပ် မာကယ်က၊ ဂျာမဏီနှင့်တရုတ် သံတမန် ဆက်ဆံရေး ထားရှိ ခဲ့သည့် ၄၅ နှစ်အတွင်း တရုတ်နိုင်ငံသည် ဂျာမဏီ၏ တစ်နေ့ထက်တစ်နေ့ အရေးကြီးလာသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် ဖြစ်လာပြီ ဖြစ်ကြောင်း၊ နှစ်ဖက်တို့သည် နိုင်ငံရေး၊ စီးပွါးကုန်သွယ်ရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု နယ်ပယ်များတွင် ကူးလူးဆက်ဆံမှု ကောင်းမွန်ပါကြောင်း ပြောကြားခဲ့ပါသည်။

   Webradio