• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ဂျပန် ဝန်ကြီးချုပ် ယန်ကျယ်ချီနှင့် တွေ့ဆုံနှုတ်ဆက်

(GMT+08:00) 2017-06-01 16:00:15

မေလ ၃၁ရက်နေ့က ဂျပန် ဝန်ကြီးချုပ် ရှင်ဇိုအားဘေးသည် တိုကျိုမြို့တွင် အလည်အပတ် ရောက်ရှိနေသော တရုတ် နိုင်ငံတော် ကောင်စီဝင် ယန်ကျယ်ချီနှင့် တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ထိုသို့တွေ့ဆုံနှုတ်ဆက်ရာတွင် ယန်ကျယ်ချီက တရုတ်နှင့် ဂျပန်နှစ်ဖက်တို့သည် နှစ်နိုင်ငံ ဆက်ဆံမှု ကောင်းမွန်စေရန်နှင့် တိုးတက်စေရန် အလားအလာကို ထိန်းသိမ်း စောင့်ရှောက်ရေး အတွက် လက်တွဲကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားသည်။

ရှင်ဇိုအာဘေးက ဂျပန်သည် ယခုနှစ် ဂျပန်-တရုတ် သံတမန် ဆက်ဆံမှု ပုံမှန်ပြန်ဖြစ်လာခဲ့သည့် ၄၅နှစ်ပြည့်မြောက်ခြင်းကို အခွင့်အကောင်း အဖြစ် လက်မလွတ်ဘဲ နှစ်နိုင်ငံ ဆက်ဆံမှု တစ်ဆင့်တိုး ကောင်းမွန်တိုးတက်စေရန် မျှော်လင့်ကြောင်း ပြောကြားသည်။

   Webradio