• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

အခြေခံ အဆောက်အအုံ တည်ဆောက်ရေး ဖိလစ်ပိုင် တွန်းအားပေး

(GMT+08:00) 2017-06-01 15:59:40

မကြာခင်က ဖိလစ်ပိုင် အစိုးရသည် အတိုင်းအတာ ကြီးမားသော အခြေခံ အဆောက် အအုံတည်ဆောက်ရေးကို အဓိထားသော စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကို တင်ပြခဲ့ကြောင်း၊ ဖိလစ်ပိုင် အစိုးရသည် အခြေခံ အဆောက်အအုံ တည်ဆောက်ရေး လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံမှု အင်တိုက်အားတိုက် ပြုလုပ်ခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံကို ထိန်းညှိပြီး စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ရန် ရည်ရွယ်ထားကြောင်း တရုတ် ပြည်သူ့ နေ့စဉ် သတင်းစာတွင် ရေးသားဖော်ပြသည်။

ဖိလစ်ပိုင် ဘဏ္ဍာရေး ဝန်ကြီး ဒိုမင်ဂိုစ်က အစိုးရသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ပုံစံနှင့် ပတ်သက်၍ ပြန်လည် စီမံကိန်း ချမှတ်ခြင်းဖြင့် ဖိလစ်ပိုင်ကို ရင်းနှီးမြှုပ်နှံမှုဖြင့် တွန်းအားပေးထားသည့် စီးပွားရေး အုပ်စု အဖြစ် ပြောင်းလဲစေပြီး သက်ညှာထောက်ထားမှု ပိုမိုများပြားသော စီးပွားရေး ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရန် မျှော်လင့် ကြောင်း၊ ဖိလစ်ပိုင် အခြေခံ အဆောက်အအုံ ပင်မကွန်ရက်၏ အရည်အသွေး တိုးမြှင့်ရေး သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံ ထိန်းညှိရေး အတွက် သော့ချက်ဖြစ် ကြောင်း အလေးထား ပြောကြားသည်။

မကြာခင်နှစ်များက ဖိလစ်ပိုင်၏ စီးပွားရေး အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ ၂၀၁၆ခုနှစ်က ဖိလစ်ပိုင် စီးပွားရေး တိုးတက်နှုန်းမှာ ၆့၈ရာခိုင်နှုန်းရှိပြီး အရှေ့တောင်အာရှ စီးပွားရေး အုပ်စု ၅ခုတွင် ရှေ့တန်းမှ ပြေးနေကြောင်း၊ သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၅၀ခန့် အတွင်း ဖိလစ်ပိုင်၏ အခြေခံ အဆောက်အအုံ တည်ဆောက်ရေး နယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှု ပမာဏသည် ဖိလစ်ပိုင် ဂျီဒီပီ ပမာဏ၏ ၂့၆ရာခိုင်နှုန်းပင် ရှိကြောင်း၊ ခေတ်နောက်ကျသော လမ်းပန်းဆက်သွယ်ရေးနှင့် ကုန်စည်ပို့ဆောင်ရေးကြောင့် ကုန် ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်မှု ကုန်ကျစရိတ်သည် တိုးမြင့်လာပြီး ဖိလစ်ပိုင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် လုပ်ငန်းအဆင့်တိုးမြင့်ရေး အပေါ် ဆိုးရွားစွာ ကန့်သတ်ချုပ်ချယ်ခဲ့ ကြောင်း သက်ဆိုင်ရာ စာရင်းအရ သိရသည်။

   Webradio