• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ် ကုမ္ပဏီ ဖောက်လုပ်ပေးသည့် Mombasa-Nairobi မီးရထားလမ်း စတင်ပြေးဆွဲ

(GMT+08:00) 2017-06-01 15:58:40

မေလ ၃၁ရက်နေ့က တရုတ် ကားလမ်းနှင့် တံတား တည်ဆောက်ရေး ကော်ပိုရေးရှင်း (CRBC)ဖောက်လုပ်ပေးသည့် ကင်ညာနိုင်ငံ Mombasa-Nairobi စံနှုန်းမီ မီးရထားလမ်းကို စတင်ပြေးဆွဲခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

Mombasa-Nairobi မီးရထားလမ်း စတင်ပြေးဆွဲခြင်းသည် ကင်ညာပြည်သူများ၏ နှစ်ပေါင်းတစ်ရာကျော်ကြာသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ပြီး အရှေ့အာဖ ရိက မီးရထား ကွန်ရက်နှင့် ဒေသတွင်း တပြေးညီ ဖြစ်စေရေး တည်ဆောက်ရေးတွင် အရေးကြီးသည့် ခြေလှမ်းတစ်လှမ်း လျှောက်လှမ်းခဲ့ခြင်း ဖြစ်ကြောင်း စီအာအိုင်က ရေးသားဖော်ပြသည်။

Mombasa-Nairobi မီးရထားလမ်း၏ စုစုပေါင်း အရှည်မှာ ၄၇၂ကီလိုမီတာ ရှိပြီး အရှေ့အာဖရိက အကြီးဆုံး ဆိပ်ကမ်းမြို့ Mombasaနှင့် အာဖရိက၏ ကင်ညာနိုင်ငံ Nairobiမြို့တော်ကို ဆက်စပ်ထားကြောင်း၊ ၄င်းမီးရထားလမ်းကို ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့ စတင် ဖောက်လုပ်ပြီး ရင်းနှီးငွေ ဖောက်လုပ်ရေး ကန်ထရိုက်စာချုပ် စုစုပေါင်း ပမာဏမှာ အမေရိကန် ဒေါ်လာ ၃့၈၀၄ဘီလီယံ ရှိကြောင်း သိရသည်။

၎င်းမီးရထားလမ်း စတင်ပြေးဆွဲခြင်း အခမ်းအနားသို့ တက်ရောက်သည့် တရုတ် နိုင်ငံတော် ဥက္ကဋ္ဌ ရှီကျင့်ဖိန်၏ အထူးသံတမန်၊ နိုင်ငံတော် ကောင်စီဝင် ဝမ်ယုံက မိန့်ခွန်းပြောကြားရာတွင် Mombasa-Nairobi မီးရထားလမ်း စတင်ပြေးဆွဲခြင်းသည် ဥက္ကဋ္ဌ ရှီကျင့်ဖိန် တင်ပြသော One Belt and Road အဆိုပြုချက်နှင့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ် ဂျော်ဟန်နက်စဘတ် ထိပ်သီးအစည်းအဝေးမှ ပူးပေါင်း ဆောင်ရွက်ရေး အစီအစဉ် ၁၀ခုကို လက်တွေ့ဖော်ဆောင်ရေးတွင် အရေးကြီး  အောင်မြင်မှု ဖြစ်ကြောင်း ပြောကြားသည်။

   Webradio