• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

သီရိလင်္ကာရေလွှမ်းမိုးမှုနှင့်တောင်မြေပြိုကျမှုကြောင့် လူ ၂၀၂ဦး သေဆုံး

(GMT+08:00) 2017-06-01 15:16:40

မေလ ၃၁ရက်နေ့က သီရိလင်္ကာ ဘေးအန္တရာယ် စီမံခန့်ခွဲရေးစင်တာမှ ထုတ်ပြန်သော ကြေညာချက်တွင် ကယ်ဆယ်ရေးလုပ်ငန်း ဆက်လက်ဆောင်ရွက်နေကြောင်း၊ ရေလွှမ်းမိုးမှုနှင့်တောင်မြေပြိုကျမှုကြောင့် လူ ၂၀၂ဦး သေဆုံးပြီး ၉၆ဦးပျောက်ဆုံးနေကာ ၆၃ဦး ဒဏ်ရာရရှိကြောင်း၊ ဆင်ဟွာသတင်းအရ သိရပါသည်။

ရေဘေးဖြစ်ပွားပြီးနောက် တရုတ်အစိုးရသည် ဘေးသင့်ရာဒေသသို့ ရွက်ဖျင်တဲ၊ စောင်စသောပစ္စည်းများကို ချက်ချင်းပို့ဆောင်ခဲ့ကြောင်း၊ တရုတ်ရေတပ်သင်္ဘောစုသည် မေလ ၃၁ရက်နေ့က သီရိလင်္ကာသို့ရောက်ရှိပြီး အစားအစာ၊ ဆေးဝါး နှင့် သင်္ဘောလေးများကို လှူဒါန်းခဲ့ကြောင်း၊ သီရိလင်္ကာဆိုင်ရာ တရုတ်သံရုံးသည် မေလ ၃၀ရက်နေ့က သီရိလင်္ကာကြက်ခြေနီအသင်းအား တရုတ် ကြက်ခြေနီအသင်း၏ အလှူငွေကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ သတင်းရရှိပါသည်။

   Webradio