• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

လီခေ့ချန်သည် ဂျာမဏီနိုင်ငံ၌ တရားဝင်ခရီးလှည့်လည်ရန် ဘာလင်သို့ရောက်ရှိ

(GMT+08:00) 2017-06-01 11:22:42

ဂျာမဏီဝန်ကြီးချုပ်မာကယ်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံတော်ကောင်စီဝန်ကြီးချုပ်လီခေ့ချန်သည် အထူးလေယာဉ် ဖြင့် ဒေသစံတော်ချိန် မေလ ၃၁ ရက်နေ့ညနေပိုင်းက ဘာလင်သို့ ရောက်ရှိပြီး ဂျာမဏီနိုင်ငံ၌ တရားဝင်ခရီးစဉ်စတင်ကာ တရုတ်-ဂျာမဏီ ဝန်ကြီးချုပ် နှစ်ပတ်လည်တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပမည်ဟုဆင်ဟွာသတင်းအရသိရသည်။

  ယင်းခရီးစဉ်အတွင်း လီခေ့ချန်သည် မာကယ်နှင့် တွေ့ဆုံဆွေးနွေးပွဲများကျင်းပပြီး နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုစာချုပ်ချုပ်ဆိုပွဲအခမ်းအနားသို့ တက်ရောက်ကာ သတင်းထောက်များနှင့် အတူတွေ့ဆုံ၍ တရုတ်-ဂျာမဏီဖိုရမ်သို့လည်း တက်ရောက် မိန့်ခွန်း ပြောကြားမည်ဖြစ်ကြောင်းသိရသည်။

   Webradio