• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

မေလ ၃၁ ရက်နေ့သည် ကမ္ဘာ့ ဆေးလိပ်မသောက်ရနေ့ ဖြစ်သည်

(GMT+08:00) 2017-05-31 09:23:27

ယခုနှစ် မေလ ၃၁ ရက်နေ့သည် အကြိမ် ၃၀ မြောက် ကမ္ဘာ့ ဆေးလိပ်မသောက်ရနေ့ ဖြစ်သည်။ ယခုနှစ် ကမ္ဘာ့ ဆေးလိပ်မသောက်ရနေ့၏ ဆောင်ပုဒ်မှာ "ဆေးပင်သည် ဖွံ့ဖြိုးမှု အပေါ် ခြိမ်းခြောက်မှုပြုခြင်း" ဖြစ်သည်။ တရုတ်နိုင်ငံသည် "ဆေးလိပ် မသောက်ရ၊ ကျန်းမာရေး၊ ဖွံ့ဖြိုးရေး"ကို ဆောင်ပုဒ်အဖြစ် သတ်မှတ်ပြီး အသိပညာပေး လှုပ်ရှားမှုများကို ပြုလုပ်နေသည်။

လက်ရှိအချိန်အထိ တရုတ်ပြည် ပီကင်း၊ ရှန်ဟိုင်း၊ ဟန်ကျိုးနှင့် ရှင်ကျင့် အပါအဝင် မြို့ပေါင်း ၁၀ မြို့ကျော်တွင် လူများသည့် အခန်းထဲတွင် ဆေးလိပ်မသောက်ရ ဥပဒေပြုရန် အတည်ပြုပြီ ဖြစ်ပြီး ဆေးလိပ်သောက်မှု ထိန်းချုပ်ရေး နယ်ပယ်တွင် အကျိုးရလဒ်များ ထင်ရှားပါသည်။ ကျွမ်းကျင်ပညာရှင်များက၊ ဆေးလိပ် သောက်မှု ထိန်းချုပ်ရေး လုပ်ငန်း၏ အဓိက အချက်မှာ လူငယ်များအား အသိပညာပေးပြီး ၄င်းတို့ ဆေးလိပ် စွဲသူသစ် မဖြစ်စေဖို့ ကြိုတင် ကာကွယ်ပေးရန် ဖြစ်သည်ဟု ယူဆကြပါသည်။

ကမ္ဘာပေါ်မှာ ဆေးရွက် ထုတ်လုပ်မှုနှင့် သုံးစွဲမှု အများဆုံးသော နိုင်ငံ အဖြစ်ဖြင့် တရုတ်နိုင်ငံတွင် ဆေးလိပ်သောက်သူ ဦးရေ သန်း ၃၀၀ ကျော် ရှိပြီး အရွယ်ရောက် အမျိုးသား တစ်ဝက်ကျော်သည် ဆေးလိပ်သောက်သုံးနေကြသည်။ တရုတ်ပြည်၏ ဆေးရွက် သောက်သုံးမှု ပမာဏမှာ ကမ္ဘာ့ စုစုပေါင်း ပမာဏ၏ ၄၄ ရာခိုင်နှုန်း ရှိသည်ဟု သတင်း ရရှိပါသည်။

ပီကင်းမြို့တွင် လူများသည့်အခန်းထဲတွင် ဆေးလိပ်မသောက်ရ စည်းမျဉ်းဥပဒေကို ကျင့်သုံးခဲ့သည့် တစ်နှစ်အတွင်း စားသောက်ဆိုင်၊ ဆေးရုံနှင့် ဘူတာရုံ အပါအဝင် လူများသည့် နေရာများတွင် ဆေးလိပ်သောက်မှု တွေ့ရှိနှုန်းမှာ အရင်တုန်းက ၂၃့ ၁ ရာခိုင်နှုန်း ရှိရာမှ လက်ရှိ ၆့ ၇ ရာခိုင်နှုန်းအထိ ကျဆင်းလာပြီဟု သိရပါသည်။

   Webradio