• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

ယန်ကျယ်ချီသည် ဂျပန် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံ

(GMT+08:00) 2017-05-31 08:20:43

တရုတ် နိုင်ငံတော်ကောင်စီဝင် ယန်ကျယ်ချီသည် ယခုလ ၃၀ ရက်နေ့က တိုကျိုမြို့၌ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဖူမီအို ကီစီဒါနှင့် တွေ့ဆုံခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရပါသည်။

ယန်ကျယ်ချီက၊ တရုတ်-ဂျပန် နှစ်နိုင်ငံတို့သည် နှစ်နိုင်ငံ ဆက်ဆံမှုတွင် အပြု သဘောဆောင်သော အကြောင်းရပ်များကို အစွမ်းကုန် တိုးချဲ့ပြီး အနုတ်လက္ခဏာ ပါသော အကြောင်းရပ်များကို ဖယ်ရှားကာ၊ တရုတ်-ဂျပန် နိုင်ငံရေးစာတမ်း လေးရပ်နှင့် မူ သဘောတူညီချက် လေးရပ် အခြေခံပေါ်တွင် အနှောင့်အယှက်များကို ဖယ်ရှား၍ နှစ်နိုင်ငံ ဆက်ဆံမှု ရေရှည် တိုးတက်ရန် တွန်းအားပေးရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

   Webradio