• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

တရုတ်-ဥရောပ ပူးပေါင်းဆောင်ရွက်မှုသည် ဘုံအကျိုးစီးပွားကို တိုးပွားစေဟု တရုတ်ဆို

(GMT+08:00) 2017-05-30 17:44:52

၁၉ကြိမ်မြောက် တရုတ်-ဥရောပ သမဂ္ဂ ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲ ကိုဇွန်လ ၂ရက်နေ့တွင် ဘရပ်ဆဲမြို့၌ ကျင်းပမည် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံတော် ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်သည် ဥရောပ ကောင်စီ ဥက္ကဋ္ဌ Tusk၊ ဥရောပ သမဂ္ဂ ကော်မတီ ဥက္ကဋ္ဌJunckerနှင့် တရုတ်-ဥရောပ ဆက်ဆံမှု၊ ဒေသတွင်းနှင့် ဂလိုဘယ် ပြဿနာများနှင့် ပတ်သက်၍ နက်ရှိုင်းစွာ အမြင်ချင်း ဖလှယ်ကြမည် ဖြစ်ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

ဥရောပ သမဂ္ဂ ဆိုင်ရာ တရုတ် သံတမန် အဖွဲ့ ခေါင်းဆောင်၊ သံအမတ်ကြီး ယန်ယန့်ယီက မကြာခင်က စီအာအိုင် သတင်းထောက်နှင့် တွေ့ဆုံရာတွင် တရုတ်နှင့် ဥရောပ ခေါင်းဆောင်များ၏ နှစ်ပတ်လည် တွေ့ဆုံဆွေးနွေးပွဲသည် နှစ်ဖက်အကြား အပြန်အလှန် သိရှိနားလည်မှုနှင့် အပြန်အလှန် ယုံကြည်မှုကို တိုးပွားစေရေး၊ နယ်ပယ် အသီးသီးတွင် တရုတ်-ဥရောပ သမဂ္ဂ အကြားရှိ လက်တွေ့ကျသော ပူးပေါင်း ဆောင်ရွက်မှု ပြုလုပ်ရန် မက္ကရို လမ်းညွှန်ချက်ပေးခြင်း၊ ပွင့်လင်းမှု ရှိသော ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အကျိုးရှိစေရေးနှင့် အတူအောင်မြင်မှုများ ရရှိရေး တွန်းအားပေးခြင်း၊ ပဋိပက္ခများ မှန်ကန်စွာ ရှုမြင်ပြီး ကောင်းမွန် သင့်လျော်စွာ ကိုင်တွယ်ဖြေရှင်းပြီး သဘောကွဲလွဲမှုများကို အပြုသဘောရှိစွာဖြင့် စီမံထိန်းချုပ်ကာ နှစ်ဖက် ဆက်ဆံမှု အပေါ် ထိခိုက်စေသည့် အရာများကို ပပျောက်စေရေး စသည့် အကြောင်းအရာများ အတွက် အကျိုးရှိကြောင်း ပြောကြားသည်။

ထို့အပြင်၊ ၄င်းက တရုတ်-ဥရောပ သမဂ္ဂ ပူးပေါင်းဆောင်ရွက်မှု ပမာဏ ကြီးမားလာပြီး အရည်အသွေး တိုးမြင့်လာသည်နှင့်အမျှ နှစ်ဖက်၏ ဘုံအကျိုးစီးပွားသည် တိုးပွားလာမည် ဟုမိမိယုံကြည်ကြောင်းလည်း ပြောကြားသည်။

 

   Webradio