• ဆက်သွယ်ရန်•  မြန်မာဘာသာဌာနအကြောင်း
   

"ရုရှားနှင့် တရုတ်-နှစ်ဖက် ဆက်ဆံမှုသစ်ကို ရှေ့ရှုရန်" နိုင်ငံတကာ အစည်းအဝေး ကျင်းပ

(GMT+08:00) 2017-05-30 17:44:07

ယခုလ ၂၉ရက်နေ့က တတိယ အကြိမ်မြောက် "ရုရှားနှင့် တရုတ်-နှစ်ဖက် ဆက်ဆံမှုသစ်ကို ရှေ့ရှုရန်" နိုင်ငံတကာ အစည်းအဝေးကို ရုရှား နိုင်ငံ မော်စကို မြို့တော်တွင် ကျင်းပခဲ့ကြောင်း စီအာအိုင် သတင်းအရ သိရသည်။

၂ရက်ကြာ ကျင်းပမည့် အစည်းအဝေးတွင် တရုတ်နှင့် ရုရှား နှစ်နိုင်ငံမှ အစိုးရ အရာရှိနှင့် ပညာရှင်များသည် နှစ်ဖက် ဆက်ဆံမှု တစ်ဆင့်တိုးတက်စေရေး၊ နှစ်ဖက် မဟာဗျူဟာများ ညီညွတ်စေခြင်းကို လက်တွေ့ဖော်ဆောင်ရေး၊ နိုင်ငံတကာနှင့် ဒေသတွင်း ရေးရာများတွင် နှစ်နိုင်ငံ၏ ညှိနှိုင်းဆောင်ရွက်မှု အားဖြည့်ပြုလုပ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

 

   Webradio